ABC
မလေးရှား နိုင်ငံမှာ ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လမ်းပျောက်ပြီး အင်ဒိုနီးရှား နိုင်ငံ ဆူမတြာကျွန်းအနီးကို ရောက် ရှိ လာတဲ့ ရိုဟင်ဂျာ ၈၀ ကို အင်ဒိုနီးရှား အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးစခန်းမှာ ထိန်းသိမ်းထားလိုက်ပြီး အဲဒီမတိုင်ခင် ရိုဟင်ဂျာ ၃၅ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်။
ခိုလှုံခွင့်တောင်းဖို့ ရောက်လာ သူတွေ ဟာ ဆူမတြာကျွန်းအနေက်မြောက်ပိုင်း အနီးရှိ Pulo Acehဆိုတဲ့ ကျွန်းကို တနင်္ဂနွေ နေ့ က ရောက်လာ တာဖြစ်ပါတယ်။
သောကြာနေ့ ညမှာလဲ အင်ဒို နီးရှား နိုင်ငံ နောက် ကျွန်းတကျွန်း ဖြစ်တဲ့ အရှေ့ဂျာဗား ကျွန်းမှာ သြစတြေးလျ နိုင်ငံကို လှေတွေ နဲ့ ထွက်ခွါဖို့ ကြိုးပမ်းခဲ့ တဲ့ ရိုဟင်ဂျာလူမျိုး ၃၅ ဦးကို အာဏာပိုင် တွေ က ထိန်းသိမ်း ခဲ့တယ်လို့ သိရ ပါတယ်။
သောကြာနေ့ ည က ထိန်းသိမ်းခဲ့ တဲ့ ရိုဟင်ဂျာ တွေ ထဲမှာ ကလေး ၁၂ ယောက်ပါဝင်ပြီး၊ အင်ဒိုနီးရှားလူဝင်မှု ကြီးကြပ်ရေးက သူ တို့ ကို တရားဝင်မှတ်ပုံတင်စာ ရွက်စာတမ်း တွေ မ ရှိ တဲ့ အတွက် ထိန်းသိမ်းခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာမူစလင်တွေဟာ မြန်မာ နိုင်ငံ ရခိုင်ပြည် အရေး အခင်းဖြစ်ပြီးနောက်ပိုင်း စတင်ထွက်ပြေး တိမ်းရှောင်နေ ခဲ့ကြတာဖြစ်ပါတယ်။
လက် ရှိ ဖမ်းဆီး ထားသူ တွေကို ဆူမာတြာ ထိန်းသိမ်းရေး စခန်းကို ခေါ်ဆောင်သွားပြီ လို့ လဲ သိ ရ ပါတယ်။
မြန်မာနိုင်ငံတွင်း က မူစလင်နဲ့ ဗုဒ္ဓဘာသာကြား အခင်းဖြစ်ပွါးမှု တွေကြောင့် ဆူမာတြာထိန်းသိမ်းရေးစခန်းမှာ မြန်မာ ဗုဒ္ဓဘာသာ ၈ ဦး သောကြာနေ့ မနက်ပိုင်း က အသတ်ခံရ ပြီး အခု ရောက်လာတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ညနေ ပိုင်းမှာ ဖမ်းပြီး အဲဒီ ပဋိပက္ခဖြစ်ပွားတဲ့ စခန်းကို ထပ်မံ ပို့ခဲ့တာဖြစ်တယ်လို့ ABCသတင်းထောက် Kathryn Magann ကသတင်းပေး ပို့ ခဲ့ပါတယ်။
ဆူမာတြာက ထိန်းသိမ်းရေးစခန်းမှာ လူပေါင်း ၂၈၀ လောက်ကိုသာ ထိန်းသိမ်းဖို့ ဆန့်တဲ့ စခန်းဖြစ်ပြီး အဲဒီမှာ မြန်မာ နိုင်ငံက တရားမဝင် ရေပိုင်နက်ကျူးလွန်ပြီး ဖမ်းစီးခံထားရ တဲ့ မြန်မာ တံငါသည်တွေ နဲ့ တရားမဝင်ရောက် ရှိလာတဲ့ ရို ဟင်ဂျာ ကို အတူ ထိန်းသိမ်းထားတဲ့ စခန်းဖြစ်ပါတယ်။
မြန်မာ ပြည်တွင်း အကြမ်းဖက်မှု တွေ က နေပြေး ရှောင်လာ ကြတဲ့ ရို ဟင်ဂျာ တွေ လဲ တနေ့ တခြားတိုးများ လာ နေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
အင်ဒိုနီးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံက မူဆလင်နဲ့ ဗုဒ္ဓဘာသာကြား ပြဿနာဖြစ် လူ ၈ ဦးသေ
ပြီးခဲ့ တဲ့သောကြာနေ့က အင်ဒိနီးရှား နိုင်ငံက ထိန်းသိမ်းရေးစခန်းထဲမှာ မြန်မာ နိုင်ငံက မူစလင်အုပ်စုတစု က မြန်မာ ဗုဒ္ဓဘာသာဝင် တွေကို ရိုက်နှက်တိုက်ခိုက်ရာက လူ ၈ ဦး သေဆုံးသွားတယ်လို့ သိ ရပါတယ်။ အခင်းဖြစ်ပွါးမှု မှာ ပါဝင်တဲ့ ရိုဟင်ဂျာ ၁၀၆ယောက်ကို အမှုနဲ့ပတ်သက်ပြီးထိန်းသိမ်းထားပြီး၊ ၁၅ဦးက ဒါဏ်ရာ ရ ရှိ ခဲ့ တယ်လို့သိ ရ ပါတယ်။
အသက် ၂၅နှစ် အရွယ်ရှိ ကျော်ကျော်ဆိုသူမှာ မြန်မာ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး အင်ဒိုနီးရှားရေပိုင်နက်ထဲ ငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးခံရ ပြီး အဲဒီ စခခန်းမှာ ထိန်းသိမ်းခံထားရ သူ ဖြစ်ပါတယ်။
မိတ္တီလာမြို့က အကြမ်းဖက်မှု၊ မီးလောင်ကျွမ်း တဲ့ မြင်ကွင်း တွေကို ရိုဟင်ဂျာ မူစလင်တွေ က မြင်ပြီး အမြက်ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။ မူဆလင်ရိုဟင်ဂျာတွေက ထောင်တွင်းကုတင်တိုင်တွေ တံပျက်စီး တုတ်တွေ နဲ့ ရိုက်နှက်ခဲ့ တာဖြစ်တယ်လို့ သိရ ပါတယ်။
ထိန်းသိမ်းရေးစခန်းအတွင်း ရိုက်နှက်တိုက်ခိုက်မှု ဖြစ်ပွါး တဲ့ နေ ရာ အဝင်ဝ ကို လဲ လုံခြုံရေးတွေ ဝင်ရောက် ဖြန်ဖြေမှု မပြု လုပ်နိုင်အောင် ကြိုတင် ပြီး ပိတ်ထားတယ်လို့ လူဝင်မှုကြိး ကြပ်ရေး ထိန်းသိမ်းရေးစခန်းတာ ဝန်ခံ Rida Agustian ကပြောပြတယ်လို့ သိ ရ ပါတယ်။
ဝန်ထမ်းတွေ က ရိုက်နှက်မှု အခင်းဖြစ်တဲ့နေရာ ကို ဝင်ရောက် နိုင်ခဲ့ တဲ့ အချိန်မှာ နံရံတွေ ကြမ်းပြင်တွေပေါ်မှာ သွေးတွေယိုစီးနေတဲ့ မြင်ကွင်းကို မြင် ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံတွင်း အကြမ်းဖက်ခဲ့တဲ့ မြင်ကွင်းတွေ မြင်ခဲ့ ရပြီး မူစလင် သင်းအုပ်ဆရာ က ကလှည့် မခြေဖို့ဖျောင်းဖြ ခဲ့ပေ မဲ့ ရိုဟင်ဂျာ အုပ်စုတစုက မြန်မာ ဗုဒ္ဓဘာသာဝင် တံငါသည် တွေ ချုပ်ထားတဲ့ နေ ရာကို အပြင်ဘက်က နေ ပိတ်ချ ခဲ့တာလို့ သိ ရ ပါတယ်။
သမတရုံးပြောခွင့် ရ ပုဂိုလ် ဦးဇော်ဌေးက တော့ မြန်မာသံ ရုံးက နေတဆင့် အခင်းဖြစ်ပွါးမှု ကို စုံစမ်းစစ်ဆေး ပေး ဖို့ နဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေး ဖို့ တောင်း ဆို သွားမှာဖြစ်တယ်လို့ သိ ရ ပါတယ်။
မြန်မာနိုင်ငံက နေ တရားမဝင် ဝင်ရောက်နေထိုင် တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက လူမျိုးတွေ ဟာ အင်ဒိုနီးရှား နိုင်ငံ ကို ဒုက္ခသည် အဖြစ်နဲ့ရောက် ရှိ နေကြပြီး ကုလသမဂ္ဂ က နေ စီစစ်ရေး ရ ရှိ နိုင် ဖို့ ထိန်းသိမ်းရေး စခန်းတွေ မှာ နှစ်တွေ လတွေ ကြာရှည်စွာ စောင့်ဆိုင်းထိန်းသိမ်းခံနေရသူတွေ ဖြစ်ပါတယ်။
No comments:
Post a Comment