Wednesday, April 3, 2013

မြန်မာတိုင်းရင်းသားတွေကို ဂျပန်ကူညီမယ်

ABC

မြန်မာနိုင်ငံက ​တိုင်းရင်းသားလူနည်းစုတွေကို ​အကူညီတွေတိုက်ရိုက်ပေးနိုင်ဖို့အတွက် ​အသင့်အနေထားမှာရှိနေပြီးလို့ ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ် ​Shinzo ​Abe ​က ​မနေ့ကပြောလိုက်ပါတယ်။

ဂျပန်နိုင်ငံ ​တိုကျိုမြို့မှာ ​ရောက်ရှိနေတဲ့ ​တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ​ကိုယ်စားလှယ်တွေ ​ပြောပြချက်အရ ​ဂျပန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံက ​တိုင်းရင်းသား ​တွေကို ​တိုက်ရိုက် ​အကူအညီ ​ပေးနိုင်မယ့် ​မူဘောင်တခုကို ​စတင်ပြုလုပ်မယ်လို့ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံနဲ့ ​နေရာသုံးခုဖြစ်တဲ့ ​ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ ​အရေအချင်းမြင့်တင်ရေးနဲ့ ​အခြေခံအဆောက်အဦး ​ဆောက်လုပ်ရေးတွေမှာ ​ပူးပေါင်းလုပ်ဆောင်မှုတွေလုပ်နေပြီး ​ဆက်လက်ပြီးတော့လည်း ​ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ ​ဂျပန်နိုင်ငံက ​ဝန်ကြီးချုပ် ​Shinzo ​Abe ​က ​ညီညွတ်သောတိုင်းရင်းဖဒရယ်ကောင်စီ ​- ​UNFC ​ဥက္ကဌ ​ဦးအင်ဘန်လကို ​ပြောသွားတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံကတိုင်းရင်းသား ​လူနည်းစုတွေအနေနဲ့ ​နိုင်ငံရေးပြဿနာမှာ ​အတည်တကျဖြစ်ပြီး ​မြန်မာနိုင်ငံမှာ ​ပြည်ထောင်စုစနစ် ​အုပ်ရေးဖြစ်အောင် ​မျော်လင့်ကြောင်းနဲ့ ​အဲဒီအတွက် ​ဂျပန်နိုင်ငံအနေနဲ့စေ့စပ်ဆွေးမှုတွေပိုမို ​ပူးပေါင်းလုပ်ဆောင်ပေးဖို့ ​UNFC ​ဥက္ကဌက ​အစည်းအဝေးအပြီးပြုလုပ်ခဲ့တဲ့ ​သတင်းစာရှင်းပွဲမှာ ​တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင်မှာ ​UNFC ​ဥက္ကဌနဲ့ ​ကိုယ်စားလှယ်တွေကို ​ဂျပန်နိုင်ငံခြားရေးဝန်ကြီး ​Fumio ​Kishida ​က ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ​ဂျပန်နိုင်ငံအနေနဲ့ ​အရှေ့တောင်အာရှနိုင်ငံက ​အမျိုးသားစည်းလုံးညီညွတ်ရေးဖြစ်မြောက်အောင် ​ပိုမိုကြိုးစား ​ကူညီပေးမယ်လို့လည်း ​သိရပါတယ်။

No comments: