Monday, April 15, 2013

နှစ်ဟောင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို သင်ခန်းစာယူဖို့ သမ္မတတိုက်တွန်း

ABC

သမ္မတဦးသိန်းစိန်ရဲ့ ​အတာသင်္ကြန်နှစ်သစ်ကူးမိန့်ခွန်းအတွင်း ​လွန်ခဲ့တဲ့ ​နှစ်တွေက ​ဖြစ်ခဲ့တဲ့ ​မတည်ငြိမ်မှုတွေ၊ ​အကြမ်းဖက်မှုတွေအပေါ် ​သင်ခန်းစာယူပြီး ​တည်ငြိမ်အေးချမ်းရေးကို ​ဦးတည်တဲ့ ​မြန်မာနိုင်ငံအဖြစ် ​ကြိုးစားကြဖို့ ​တိုက်တွန်းခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ​နှစ်နှစ်တာ ​ကာလ ​အတွင်း ​မျှော်မှန်း ​မထားနိုင်ခဲ့တဲ့ ​အောင်မြင်မှုတွေကို ​တက်လှမ်းနိုင်ခဲ့ ​သလို ​မျှော်လင့် ​မထားခဲ့တဲ့ ​ဝမ်းနည်း ​တုန်လှုပ်ဖွယ်ရာ ​ကိစ္စရပ်တွေလည်း ​ကြုံတွေ့ ​ခဲ့ရတဲ့ ​အကြောင်း ​ဒီမိုကရေစီ ​ခရီးရှည်အတွင်း ​ရရှိထားတဲ့ ​အောင်မြင်မှုတွေကို ​ထိန်းသိမ်းပြီး ​နစ်နာဆုံးရှုံးမှုတွေကို ​သင်ခန်းစာ ​ယူရမယ့် ​အကြောင်းနဲ့ ​ကြုံတွေ့ရမယ့် ​စိန်ခေါ်မှုတွေကို ​ရင်ဆိုင် ​ကျော်လွှားကြဖို့ ​လိုကြောင်း ​တိုက်တွန်းခဲ့ပါတယ်။

လူမျိုး ​ဘာသာခြားတွေကြား ​သဟဇာတရှိရှိ ​နေထိုင်လာခဲ့တဲ့ ​အစဉ်အလာအတိုင်း ​ဆက်လက်ပြီး ​လူမျိုး၊ ​ဘာသာပေါင်းစုံ၊ ​အယူအဆပေါင်းစုံ ​သဟဇာတဖြစ်ဖြစ် ​နေထိုင်နိုင်အောင် ​ကြိုးစားကြဖို့ ​လိုကြောင်းလည်း ​တိုက်တွန်း ​ခဲ့ပါတယ်။

No comments: