ABC
၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ စီးပွားရေးက ၆.၃% တိုးတက်မှုရှိပြီး အရင်နှစ်တုန်းက ၅ ရာခိုင်နှုန်း သာ ရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။
မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေတာနဲ့အမျှ စီးပွားရေးတိုးတက်မှုတွေ ရှိလာတာလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ရင်းနှီးမြုပ်နှံသူတွေကိုလည်း ဆွဲဆောင်မှုပိုရှိလာပြီး ရင်းနှီးမြုပ်နှံဖို့ ကြိုးစားတဲ့ကုမ္ပဏီက အရင်ကနဲ့စာရင် ၁၄ ဆ တိုးများလာတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ကုမ္ပဏီပေါင်း ၆၂ ခုကို မြန်မာအစိုးရက ရင်းနှီးမြုပ်နှံခွင့်ပေးခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်ထက် ပိုများတဲ့ အရေအတွက် ဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေဒေါ်လာ သန်းပေါင်း ၅၀၀ လောက်ရှိပြီး အရင်နှစ်နဲ့ ယှဉ်ရင် ၆၀ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ၊ နိုင်ငံခြားငွေလဲလှယ်မှုတွေနဲ့ ဖွံ့ဖြိုးရေးအတွက်ရတဲ့ ထောက်ပံ့မှုတွေဟာ စုစုပေါင်းဒေါ်လာ ၅.၁ ဘီလီယံလောက်ရှိပြီး မြန်မာပြည်တွင်း ဝန်ဆောင်မှုနဲ့ သွင်းကုန်တန်ဖိုးရဲ့ ၄ လစာနဲ့ ညီမျှမှုရှိကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။
No comments:
Post a Comment