Wednesday, April 17, 2013

ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အစိုးရ တကယ်စိတ်ပါဖို့လိုဟု ကျွမ်းကျင်သူတွေပြော

ABC

မြန်မာအစိုးရအနေနဲ့ ​တကယ်ပဲတိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေနဲ့ ​ဖြစ်နေတဲ့ပဋိပက္ခတွေကို ​အဆုံးသတ်ချင်တယ်ဆိုရင် ​စေ့စပ်ဆွေးနွေးရေးမှာ ​တကယ်ကိုစိတ်ပါဝင်စားလုပ်ရမယ်လို့ ​ကျွမ်းကျင်သူတွေကပြောပါတယ်။

ကချင်ပြည်နယ်ဖြစ်နေတဲ့ပဋိပက္ခတွေမှာ ​သောင်းနဲ့ချီတဲ့ပြည်သူတွေ ​အိုးအိမ်မဲ့ ​ပြည်တွင်းရွေ့ ​ပြောင်းနေထိုင်သူတွေ ​ဖြစ်နေရပြီး ​စစ်သားနဲ့ ​ပြည်သူတွေ ​တော်တော်များလည်း ​သေဆုံးခဲ့ရတာတွေကြောင့် ​အစိုးရရဲ့အခုလုပ်နဲ့ ​ပြုပြင်ပြောင်းလဲမှုတွေကို ​တဖြည်းဖြည်းနဲ့ ​ထိခိုက်လာနေတယ်လို့ဆိုပါတယ်။

အကြာသေးခင်ကပဲ ​ထိပ်တန်းမြန်မာအစိုးရ ​စစ်တပ်ခေါင်းဆောင်တွေနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​ခေါင်းဆောင်တွေ ​အပစ်အခတ်ရပ်စဲနိုင်ရေး ​အတွက် ​တွေ့ဆုံစကားပြောဆို ​ဆွေးနွေးခဲ့တုန်းက ​မြန်မာနိုင်ငံအစိုးရအနေနဲ့ ​တတိုင်းပြည်လုံး ​အပစ်အခတ်ရပ်စဲရေး ​ကြေညာမယ်ဆိုရင် ​အခုတောင်းဆိုနေတဲ့ ​တတိုင်းပြည်လုံး ​ငြိမ်းချမ်းရေးကို ​ဖော်ဆောင်နိုင်မယ်လို့မျော်လင့် ​နေခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ​Mael ​Raynaud ​က ​သမ္မတ ​ဦးသိန်းစိန်ဟာ ​ပဋိပက္ခတွေ ​အဆုံးသတ်နိုင်ဖို့အတွက် ​ရိုးသားပွင့်လင်းစွာ ​ကြိုးစားနေတာဖြစ်ပေမယ့် ​သူနေနဲ့ ​ဖက်ပေါင်းဆုံက ​ဖိအားတွေကို ​ခံနေရတယ်လို့ ​ဆိုပါတယ်။

နောက်ထပ်မြန်မာနိုင်ငံရေး ​ကျွမ်းကျင်သူ ​Richard ​Horsey ​ကလည်း ​မြန်မာအစိုးရနဲ့ ​ကချင်လွတ်မြောက်ရေးတပ်တို့ ​တိုက်ပွဲဖြစ်ပွားစဉ်အတွင်းက ​အမြောက်ကျဉ်ဆံတွေ ​တရုတ်နိုင်ငံဖက်ကို ​ကျရောက်သွားခဲ့တဲ့အတွက် ​တရုတ်နိုင်ငံအနေနဲ့ ​အပစ်အခတ်ရပ်စဲရေး ​စေ့စပ်ဆွေးနွေးမှုမှာ ​ပါဝင်လာတာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေထဲမှာ ​ရှိနေတဲ့ ​ရေနံနဲ့ဓါတ်ငွေ့ကို ​လိုလားတဲ့အနေနဲ့ ​စီးပွားရေးအစွန်းအမြတ်အတွက်ကြောင့်ပါဝင်လာတာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ဒါပေမယ့် ​တရုတ်အစိုးရဟာ ​အပစ်အခတ်ရပ်စဲရေးစေ့စပ်ဆွေးနွေးမှုမှာ ​လေ့လာသူအနေနဲ့သာမကပဲ ​တတိယပါတီတခုအနေနဲ့ ​နေရာလိုချင်နေတာဖြစ်တယ်လို့ ​တခြားမြန်မာ့အရေးလေ့လာသူတဦးက ​ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ​ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးဟာ ​သမ္မဦးသိန်းစိန်အတွက် ​မေးခွန်းထုတ်စရာမလိုတဲ့ ​နောက်ဆုံးအောင်မြင်မှုအဆင့်ဖြစ်လာမှာဖြစ်တယ်လို့လည်း ​ကျွမ်းကျင်ပညာရင် ​Mael ​Raynaud ​ကပြောပါတယ်။

No comments: