Thursday, April 18, 2013

ပဋိပက္ခကိုအချိန်တိုတွင်းဖြေရှင်းဖို့ မျက်လှည့်ဆရာမဟုတ်လို့ဒေါ်စုပြော

ABC

မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ​ပဋိပက္ခတွေဟာ ​ဥပဒေစိုးမိုးရေး ​အားနည်းနေလို့ဖြစ်ရတာဖြစ်တယ်လို့ ​မြန်မာ့အတိုက်အခံပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​တိုကျိုမြို့ကကျောင်းသားတွေမေးခွန်းမေးစဉ်အတွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​နှစ်ရှည်လများဖြစ်နေတဲ့ ​တိုင်းရင်းသားပြဿနာတွေကို ​ဖြေရှင်းနိုင်ဖို့အတွက် ​သူဟာ ​မျက်လှည့်ဆရာတယောက် ​မဟုတ်ကြောင်း ​ဘာကြောင့်လဲဆိုရင် ​မတူညီမှုတွေကို ​ငြိနှိုင်းဖြေရှင်းနိုင်ဖို့ဆိုတာ ​အချိန်ကာလတခု ​ယူရမယ်ဆိုတဲ့အကြောင်း ​ဂျပန်နိုင်ငံကို ​ရောက်ရှိစဉ်အတွင်း ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံအတွင်းမှာ ​အရင်ဦးဆုံး ​အတည်တကျဖြစ်တဲ့ ​ဥပဒေစိုးမိုးရေး ​ရှိရမှာဖြစ်တဲ့အကြောင်းနဲ့ ​ပဋိပက္ခအတွင်းမှာ ​ပါဝင်တဲ့သူတွေအားလုံးကလည်း ​စကားပြောဆို ​ဆွေးနွေးရမှာဖြစ်ကြောင်း ​လည်း ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက ​တရားရုံးတွေဟာ ​ဒီမိုကရေစီနည်းလမ်းနဲ့ ​အဆင့်မကိုက်ညီတဲ့အကြောင်းနဲ့ ​အထက်အာဏာရှိတဲ့သူတွေက ​လုံးဝလွမ်းမိုးထားဆဲ ​ဖြစ်တဲ့အကြောင်းကိုလည်း ​ဒေါ်အောင်ဆန်းစုကြည်ဆိုပါတယ်။

ပြည်တွင်းထဲကပဋိပက္ခတွေနဲ့ပတ်သက်ပြီး ​သူ့အနေနဲ့ ​ငြိမ်သက်နေတာဟာ ​သတင်းကြီးပိုင်းမှာနံမည်ပါတာထက် ​လူမှုအသိုင်းအ၀ိုင်းပြန်လည်မြှင့်တင်ဖို့ကို ​ပိုပြီးတော့အဓိကထားလုပ်ဆောင်ချင်တာဖြစ်ကြောင်းလည်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ​ပါတဲ့ ​သူ့ကိုသမ္မတဖြစ်ပိုင်ခွင့်ကို ​တားဆီးနေတဲ့ ​အချက်ဖြစ်တဲ့ ​နိုင်ငံခြားသားနဲ့လက်ထပ်ထိမ်းမြားသူများ ​နိုင်ငံတော်သမ္မတဖြစ်ပိုင်ခွင့်မရှိတဲ့အချက်ကိုလည်း ​ပြောင်းလဲစေချင်တဲ့အကြောင်းနဲ့ ​သူ့အနေနဲ့ ​ရွေးချယ်ခံရမယ်ဆိုရင် ​မြန်မာနိုင်ငံရဲ့သမ္မတဖြစ်လိုတဲ့အကြောင်း ​အဲဒါမှပဲ ​မူတွေကို ​ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ကြောင်းတွေကိုလည်း ​သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။

No comments: