ABC
မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံပေါ် အနောက်နိုင်ငံများက ပိတ်ဆို့ဒါဏ် ပိတ်မှု ချမှတ်ထားချိန်မှာ တရုတ်နိုင်ငံ ကူညီပံ့ပိုးမှု တွေ ပေး ခဲ့တဲ့အတွက် ကျေးဇူးရှိခဲ့တဲ့ အကြောင်း တရုတ် နိုင်ငံခရီးစဉ်မှာ ပြောခဲ့ပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာ မှာလည်းမြန်မာ နိုင်ငံကို ထောက်ခံ အားပေးမှုတွေ ပြုခဲ့တာတွေ ရှိတဲ့ အကြောင်း China Daily သတင်းစာကို ပြောပြခဲ့ပါတယ်။
မြန်မာ ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေ ကြိုဆိုမှု နည်းလာနေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း တရုတ် ရင်းနှီးမြှုပ်နှံမှုတွေက တရုတ်-မြန်မာ ၂ နိုင်ငံ လုံး အတွက် အကျိုး ရှိ တယ်လို့ပြောပြပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဘိုး ၃၃.၈ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံက ဖြစ်ပြီး ကဏ္ဍ ၁၂ ခုမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိ နေ ပါတယ်။
တရုတ်သမ္မတ ရှီကျင်ပင်း က ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကိစ္စ တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ် လို့ ပြောသွားပါတယ်။
တရုတ် နိုင်ငံက မြန်မာနိုင်ငံ က စိုက်ပျိုးရေး ကဏ္ဍ တိုးတက်ဖွံဖြိုး ကို ကူညီဆောင် ရွက်ပေးသွားမယ်လို့လဲ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နွယ်ဖွားတွေ အများအပြား နေထိုင်ကြ တဲ့ အတွက် ၂ နိုင်ငံ ကြား ကွဲပြားခြားနားမှုတွေ မရှိ - တမိသားစုထဲက ဖြစ်တယ်လို့ ဦးသိန်းစိန် က ပြောသွားတယ်လို့ သိရပါတယ်။
China Radio International အသံလွှင့်ဌာနနဲ့ မြန်မာအသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများလုပ်ကိုင်ဖို့လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
ဦးသိန်းစိန် က ကျေးလက်ဒေသ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အရင်းအနှီးတွေနဲ့ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတုန်းပဲလို့ ပြောခဲ့တဲ့အကြောင်းလဲ သိရပါတယ်။
No comments:
Post a Comment