Monday, April 15, 2013

ဒေါ်အောင်ဆန်းစုကြည် ကျိုတိုမြို့ ရောက်ရှိ

ABC

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ဒုတိယမြောက်နေ့ ​ဂျပန်နိုင်ငံခရီးစဉ်အတွင်း ​ကျိုတိုမြို့ကို ​ရောက်ရှိခဲ့ပါတယ်။

မို့တော် ​တိုကျိုမြို့ကနေ ​ရထားနဲ့ ​ကျိုတိုမြို့ကို ​သွားရောက်ခဲ့တာဖြစ်ပြီး ​ဘူတာ ​အရောက်မှာတော့ ​မြန်မာနိုင်ငံသားတွေ ​သာမက ​ဂျပန် ​နိုင်ငံသားတွေလည်း ​အမြောက်အများ ​ကြိုဆို ​ခဲ့ကြတယ်လို့ ​သိရပါတယ်။

ကျိုတိုမြို့ကို ​လည်ပတ်ခဲ့ပြီး ​မိတ်ဆွေဟောင်းတွေနဲ့ ​တွေ့ဆုံခဲ့တယ်လို့ ​ကျိုဒိုသတင်းမှာ ​ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​စာတမ်းပြုစုဖို့အတွက် ​၁၉၈၅ ​ကနေ ​၁၉၈၆ ​ခုနှစ်အတွင်း ​ကျိုတိုမြို့မှာ ​နေထိုင်ခဲ့ပါတယ်။

ကျိုတိုခရီးစဉ်အတွင်း ​ကျိုတို ​တက္ကသိုလ်နဲ့ ​Ryukoku ​တက္ကသိုလ်မှာ ​မိန့်ခွန်းတွေ ​ပြောကြားမှာဖြစ်ပါတယ်။

စနေနေ့တုန်းက ​မြို့တော် ​တိုကျိုမြို့မှာ ​ပြုလုပ်ခဲ့တဲ့ ​တွေ့ဆုံမှုတစ်ခုအတွင်း ​မြန်မာနဲ့ ​ဗမာဆိုတဲ့ ​အခေါ်အဝေါ်နဲ့ ​ပတ်သက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာဆိုတာဟာ ​ဗမာကို ​စာပေ ​သဘောတရား ​အရ ​မြန်မာလို့ရေးတာ ​ဖြစ်တဲ့အကြောင်း၊ ​မြန်မာဆိုတာဟာ ​ဗမာပဲဖြစ်ပြီး ​မြန်မာဆိုတာ ​တိုင်းရင်းသားအားလုံး ​ခြုံငုံပြီး ​ပါဝင်တယ်ဆိုတာ ​မဟုတ်တဲ့အတွက် ​ဒီလို ​မမှန်ကန်တဲ့ ​အကြောင်းပြချက်မျိုးကို ​မကြိုက်ဘူးလို့ ​ပြောသွားခဲ့ပါတယ်။

၆ ​ရက်ကြာ ​ဂျပန်နိုင်ငံခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေနဲ့ ​နိုင်ငံခြားရေးဝန်ကြီး ​ဖူမီယို ​ကီရှီဒါနဲ့လည်း ​တွေ့ဆုံဖို့ ​ရှိသလို ​ဂျပန်နိုင်ငံရောက် ​မြန်မာနိုင်ငံသား ​အယောက်ပေါင်း ​တစ်သောင်းနဲ့ ​တွေ့ဆုံနိုင်တယ်လို့ ​ခန့်မှန်းကြပါတယ်။

ဒါပေမယ့် ​ဂျပန်နိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​ရိုဟင်ဂျာတွေကို ​ဒေါ်အောင်ဆန်းစုကြည်ကို ​ကြိုဆိုရာမှာ ​မပါဝင်ဖို့ ​စီစဉ်သူတွေက ​တားမြစ်ထားကြောင်း ​ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ​ပြောပါတယ်။

No comments: