Tuesday, April 9, 2013

ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်

ABC

ဒေါ်အောင်ဆန်းစုကြည်က ​လာမည့် ​စနေနေ့မှာ ​ဂျပန်နိုင်ငံကိုသွားရောက်ဖို့ ​ရှိ ​ပြီး ​ဂျပန်နိုင်ငံ ​တိုကျိုမြို့မှာ ​ရှိ ​တဲ့ ​ Ryukoku ​တက္ကသိုလ်က ​ဒေါ်အောင်ဆန်းစုကြည်ကို ​မြန်မာ ​နိုင်ငံရဲ့ ​ဒီမိုကရေစီ ​အပြောင်း ​အလဲတွေ ​လုပ်ဆောင်တာကို ​ဂုဏ်ပြုတဲ့အနေနဲ့ ​ဂုဏ်ထူးဆောင် ​ပါရဂူဘွဲ့ကို ​အပ်နှင်းမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

၁၉၈၅ ​ခုကနေ ​၁၉၈၆ခုနှစ်တွေ ​အတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ကျိုတို ​တက္ကသိုလ်မှာ ​သုတေသန ​ပြုလုပ် ​ခဲ့တဲ့ ​အတွက် ​ကျိုတို ​တက္ကသိုလ်ကလဲ ​သူ့ကို ​တက္ကသိုလ် ​ရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင် ​အဖြစ် ​ဂုဏ်ပြုဖို့ ​စီစဉ်နေတယ်လို့လဲ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစု ​ကြည်က ​ကျိုတို ​တက္ကသိုလ်မှာ ​သုတေသန ​ပြုလုပ်နေစဉ်အတွင်း ​Ryukoku ​တက္ကသိုလ်ကိုလဲ ​မကြာခဏသွားရောက်ခဲ့တယ်လို့ ​ဆိုပါတယ်။

Ryukoku ​တက္ကသိုလ်က ​ဒေါ်အောင်ဆန်းစုကြည်ကို ​အခုလို ​ဂုဏ်ထူးဆောင် ​ပါရဂူ ​ဘွဲ့ကို ​အပ်နှင်းဖို့ ​ဆုံးဖြတ်ချက် ​ချခဲ့တာဟာ ​ဒေါ်အောင်ဆန်းစုကြည် ​အနေနဲ့ ​မြန်မာ ​နိုင်ငံအဖို့ ​ဒီမိုကရေစီ ​ရ ​ရှိရေး ​အတွက် ​နှစ်ရှည်လများ ​ကြိုးပမ်းခဲ့ ​တာတွေ ​ကြောင့် ​ဖြစ်ပြီး ​တက္ကသိုလ်အနေနဲ့ ​ကမ္ဘာ့ ​ငြိမ်းချမ်းရေး ​ရ ​ရှိ ​ဖို့ ​ဆောင် ​ရွက်သူ ​တွေကို ​အားပေး ​ဂုဏ်ပြုလေ့ ​ရှိ ​တဲ့ ​အတွက်ကြောင့်ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​က ​ဧပြီလ ​၁၅ ​ရက်နေ့မှာ ​Ryukoku ​တက္ကသိုလ် ​ကို ​သွားရောက် ​ဂုဏ်ထူးဆောင် ​ဘွဲ့ ​ကို ​လက် ​ခံ ​ပြီး ​မိန့်ခွန်း ​ပြောကြားမှာဖြစ် ​တဲ့ ​အပြင် ​ကျောင်းသူကျောင်းသားတွေ ​နဲ့လဲ ​တွေ့ ​ဆုံ ​မှာဖြစ်ပါတယ်။

No comments: