Friday, April 5, 2013

သံတွဲတွင် ဧပြီလ ၉ ရက်နေ့ ဆန္ဒပြရန် ခွင့်ပြုချက်တင်

နေဇော်( သံတွဲ)

ဆန္ဒပြခွင့် တင်ရာတွင် တရားဥပဒေ စိုးမိုးရေး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး၊ သံတွဲမြို့နယ်ရှိ ဘင်္ဂလီများဝင်ပေါက်ကို တင်းကြပ်စွာ ပိတ်ဆို့ပေးရေး၊ ဘင်္ဂလီများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ အမြန်ဆုံး ဧည့်စာရင်း စစ်ဆေးဖော်ထုတ် အရေးယူပေးရေး၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည် ဖော်ရေးဟူ၍ အချက် ၄ ချက် ပါရှိကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့က ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု ရှိစေရေးအတွက် ဆန္ဒဖော်ထုတ်ရန် မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ထားခဲ့ရာ ဧပြီ ၂ ရက်နေ့တွင် ပယ်ချလိုက်သဖြင့် ယခုကဲ့သို့ ပြောင်းလဲ ဆန္ဒပြရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သံတွဲလူမှုကွန်ယက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စီရင်ချက်ချရန် နှောင့်နှေးနေမှု ၁၁ မှုအား တရားရုံးမှ အားလုံး စီစဉ်ထားပြီး၊ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရသော အမှုကို ဧပြီလ ၈ ရက်နေ့တွင် စီရင်ချက်မှတ်မည် ဖြစ်သောကြောင့် သံတွဲ လူမှုကွန်ယက်မှ ယနေ့ နံနက် ၁၀ ခန့်က အစည်းအဝေးပြုလုပ်ကာ ယခင်က ဆန္ဒပြတောင်းဆိုရန် အချက်များအား ပြောင်းလဲပြီး ဧပြီလ (၉) ရက်နေ့တွင် လူ ၂၀၀ ခန့် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်တင်ခဲ့ကြောင်း အဆိုပါအဖွဲ့ဝင်က ဆိုသည်။

လွန်ခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့က သံတွဲမြို့နယ်၊ ဆိပ်ကြီးကျေးရွာ၌ ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးမှ မုဒိမ်းကျင့်ခဲ့သည့် အမှုအား ခရိုင်တရားရုံး၏ တရားစီရင်မှု အလွန်နှောင့်နှေး ကြန့်ကြာနေခြင်းနှင့် ဘင်္ဂလီများကျူးလွန်ထားသည့် အမှု ၁၀ ကျော်အား စီရင်ချက်မချ သေးဘဲထားရှိခြင်း အပါအ၀င် ရခိုင်အရေးနှင့် သက်ဆိုင်သည့် တောင်းဆိုချက် (၇) ချက်ကို ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

No comments: