Saturday, April 6, 2013

ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကားရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

မိုးဇော်

မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မမဏ္ဍိုင်ကျောင်းမှ ဦးပညာသီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ယနေ့ တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။

အဆိုပါ ဘင်္ဂလီများ ကိုယ်ထိလက်ရောက် ကျူးလွန်သည်မှာ မှန်ကန်ကြောင်းကို တရားခံများ ထွက်ဆိုထားသဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅)တပ်ကာ ရဲ စွဲချက်တင်ခဲ့ကြောင်း မတ်လ (၂၉) ရက်နေ့က သိရှိခဲ့သည်။

သံဃာတော်အား ကိုယ်ထိလက်ရောက်စော်ကားသူများမှာ ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ်တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ယနေ့တွင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခံရသူနှစ်ဦးအား မည်သူဖြစ်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

No comments: