Tuesday, April 23, 2013

EU က မြန်မာအပေါ်လက်နက် ကလွဲရင် ပိတ်ဆို့မှုအားလုံး ရုတ်သိမ်း

ABC

အီးယူ ​ဥရောပ ​သမဂ္ဂ ​ကနေ ​မြန်မာ ​နိုင်ငံ ​အပေါ် ​ချမှထားတဲ့ ​စီးပွါးရေး ​ဒါဏ်ခတ်ပိတ်ဆို့မှု ​မှန်သမျှကို ​လက်နက်ရောင်းချခွင့်မှ ​တပါး ​အားလုံး ​ဖယ်ရှားလိုက်ပြီလို့ ​အီးယူက ​ကြေငြာ ​လိုက်ပါတယ်။

လူပုဂ္ဂိုလ် ​တဦးချင်းစီ ​နာမည်နဲ့ ​သတ်မှတ် ​ပိတ်ဆို့ထားမှု ​အားလုံးကို ​လဲ ​မနေ့က ​စပြီး ​ရုပ်သိမ်းပးလိုက်ပြီ ​ဖြစ်ပါတယ်။

EU ​စီးပွါးရေ ​ဒါဏ်ခတ်မှု ​မှာ ​မြန်မာ ​နိုင်ငံက ​ကုမဏီ ​ပေါင်း ​၁၀၀၀ ​နီးပါး ​ရဲ့ ​ငွေကြေး ​တွေကို ​ဒါဏ်ခတ်ပိတ်ဆို့ ​ထားပြီး၊ ​မြန်မာ ​နိုင်ငံက ​တသီး ​ပုဂ္ဂလ ​ယောက် ​၅၀၀ ​ကို ​လဲ ​နာမည် ​နဲ့ ​EU ​နိုင်ငံ ​တွေ ​ကို ​ဝင်ခွင့် ​ပိတ်ဆို့ထား ​တဲ့ ​အပြင်၊ ​EU ​နိုင်ငံတွေ ​ကို ​စစ်လက်နက် ​ဆိုင် ​ရာ ​ကူညီမှုတွေ၊ ​တွင်းထွက်ပစ္စည်း ​နဲ့ ​သစ်ထုတ်လုပ်ရေး ​ဆိုင် ​ရာ ​တွေ ​စီးပွါးရေး ​ရင်းနှီး ​မြှုပ်နှံမှု ​တွေ ​ကိုလဲ ​ပိတ်ဆို့ခဲ့ပါတယ်။

ကုန်သွယ်ခွင့်၊ ​စီးပွားရေး ​ဆောင်ရွက်ခွင့် ​လမ်းပြန်ဖွင့်ပေး ​လိုက်တာဟာ ​မြန်မာ ​နိုင် ​ငံ ​က ​ပြုပြင် ​ပြောင်းလဲမှု ​တွေကို ​အသိအမှတ် ​ပြု ​တဲ့ ​အနေနဲ့ ​ဆောင်ရွက်တာ ​ဖြစ် ​တယ်လို့သိရ ​ပါတယ်။

EUက ​မနှစ်တုန်းက ​ပိတ်ဆို့မှုတွေ ​ကို ​ယာယီ ​ရုပ်သိမ်း ​ပေးခဲ့တာ ​ဖြစ်ပြီး၊ ​အခုတော့ ​မြန်မာနိုင်ငံက ​ပြုပြင်ပြောင်းလဲမှု ​တွေဟာ ​ဆက်လက်ထွန်းကားဖို့ ​ရှိတယ်ဆို ​တဲ့ ​အမြင်တွေ ​နဲ့ ​ဆက်လက် ​ရုပ်သိမ်းမှုကို ​ထား ​ရှိ ​သွားမယ်လို့ ​လဲသိ ​ရ ​ပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီးက ​အီးယူ ​ဥရောပ ​သမဂ္ဂ ​ကနေ ​မြန်မာ ​နိုင်ငံ ​အပေါ် ​ချမှထားတဲ့ ​စီးပွါးရေးဒါဏ်ခတ်ပိတ်ဆို့မှုတွေ ​စောစောပိုင်းက ​ယာယီခမှတ်ခဲ့တာကို ​အပြီးအပိုင် ​ချပေး ​ဖို့ ​ပြောဆိုခဲ့ပါတယ်။ ​ဗြိတိန် ​နိုင်ငံခြားရေး ​ဝန်ကြီးကလည်း ​အပြီးတိုင် ​ရုပ်သိမ်းသင့်တဲ့ ​အခြေအနေ ​ဖြစ်လာခဲ့တယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံ ​မိထ္ထီလာ ​အရေး ​အခင်းစတင်ဖြစ်ပွါးခဲ့ချိန်က ​ပဋိပက္ခတွေ ​ကို ​ရဲတွေ ​က ​နေ ​တားဆီးမှု ​မပြုခဲ့ ​တဲ့ပုံတွေ၊ ​ဖေးမကူညီမှု ​မပြုခဲ့တာတွေ၊ ​လျှစ်လျှူရှုခဲ့တဲ့ ​ပုံ ​တွေ ​အပြင်၊ ​သံဃာတော်တွေပါဝင်နေ ​တဲ့ ​သက်သေ ​အထောက်အထားပုံတွေ ​ကို ​BBCက ​ရုပ်သံတွေ ​က ​ထုတ်ဖေါ်ခဲ့ပြီး ​နောက်၊ ​အခုလို ​ဆန်ရှင်ဒါဏ်ခတ်မှု ​ရုပ်ပေး ​လိုက်တာကို ​လူ့အခွင့်အရေးအဖွဲ့ ​က ​စောသေးတဲ့ ​အကြောင်း၊ ​မှားယွင်းတဲ့လုပ်ဆောင်မှု ​ဖြစ်လို့ ​မလုပ်သင့်သေးဘူးလို့ ​ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ​ဆန်ရှင်ဒါဏ်ခတ်မှုတွေကို ​အကြမ်းဖက်မှုတွေ ​နဲ့ ​ဆက်စပ် ​မထားသင့်တဲ့အကြောင်း၊ ​အကြမ်းဖက်မှုတွေဟာ ​ဥပဒေ ​စိုးမိုးရေး ​ကြောင့် ​တခြား ​လူမှုရေးနဲ့ ​နိုင်ငံရေး ​ပြဿနာတွေ ​ကြောင့်ဖြစ်တယ်လို့ ​ပြောပါတယ်။

ဗြိတိသျှ ​နိုင်ငံခြားရေး ​ဝန်ကြီး ​William ​Hague ​ကတော့ ​လက် ​ရှိ ​အပြောင်း ​အလဲတွေ ​ကြောင့် ​ဆန်ရှင်တွေ ​ရုပ်သိမ်းဖို့ ​အကြောင်းပြချက်လုံလောက်တဲ့အကြောင်း၊ ​မြန်မာ ​နိုင်ငံတွင်းမှာ ​လူမျိုး ​ရေး ​အကြမ်းဖက်မှုတွေ ​ရပ်တန့်ဖို့ ​ဥရောပ ​သမဂ္ဂ ​အနေနဲ့ ​ပါဝင်ပေး ​ဖို့ ​လို ​အပ်တဲ့အကြောင်း၊ ​ရဲတပ်ဖွဲ့တွေကို ​သတင်တန်းပေး ​တာတွေ၊ ​ဘာသာရေး ​ပေါင်းစုံ ​တွေ့ဆုံဆွေးနွှေးမှု ​တွေ ​ပြု ​လုပ်ပေး ​ဖို့ ​ပန့် ​ပိုး ​မှုတွေ ​လို ​အပ်တဲ့အကြောင်းတွေကို ​ပြောသွားပါတယ်။ 

No comments: