ABC
G-8 လို့ လူသိများတဲ့ စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံရဲ့ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာအစိုးရရဲ့ တာဝန်သိပြီး ကျင့်ဝတ်နဲ့ ညီတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်လိုမှုအပေါ် ကြိုဆိုလိုက်ကြပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို ဆက်လက်အားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
လန်ဒန်မြို့မှာ ကျင်းပတဲ့ G-8 အစည်းအဝေးအတွင်း G - 8 ခေါင်း ဆောင် တွေ က မြန်မာ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ် ဖို့နဲ့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘာသာဝင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
G-8 ထိပ်သီး အစည်းအဝေး အတွင်းမှာ အဓိကအားဖြင့် ကိုးရီးယားကျွန်းဆွယ် တင်းမာမှုကို ဆွေးနွေးခဲ့ကြပြီး မြောက်ကိုးရီးယားနိုင်ငံရဲ့ နျူးကလီးယားနဲ့ ဒုံးကျဉ် ထုတ်လုပ်မှုတွေ အပေါ် ရှုံ့ချခဲ့ကြပြီး မြောက်ကိုးရီးယား အစိုးရကသာ ဒုံးကျဉ် စမ်းသပ်မှု လုပ်မယ်ဆိုရင် တနည်းနည်းနဲ့ တုန့်ပြန်မှု လုပ်မယ်လို့လည်း သတိပေးလိုက်ကြပါတယ်။
Yongbyon နျူးကလီးယားစက်ရုံကို ပြန်လည် ဖွင့်လှစ် အသုံးပြုမယ်လို့ မြောက်ကိုးရီးယား အစိုးရ ပြောခဲ့တဲ့အပေါ် စိုးရိမ်မိကြောင်းလည်း G-8 ခေါင်းဆောင်တွေက ပြောပါတယ်။
အဲ့ဒါ့အပြင် G-8 ခေါင်းဆောင်တွေက အီရန်နိုင်ငံ နျူးကလီးယား အစီအစဉ် အကြောင်းတွေ အင်တာနက် လုံခြုံရေး အကြောင်းတွေပါ ဆွေးနွေးခဲ့ကြပါတယ်။
G-8 စက်မှုထိပ်သီး ၈ နိုင်ငံထဲမှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ အမေရိကန်၊ ဂျပန်နဲ့ ကနေဒါ နိုင်ငံတို့ ပါဝင်ကြပါတယ်။
No comments:
Post a Comment