Tuesday, April 2, 2013

မြန်မာပဋိပက္ခအပေါ် စုံစမ်းဖို့ HRW ပြော၊ မီးလောင်ပျက်စီးပုံကို ဂြိုလ်တုဓာတ်ပုံနဲ့ ယှဉ်ပြ

ABC

မြန်မာနိုင်ငံမှာ ​ရဲတပ်ဖွဲ့တွေက ​ဗုဒ္ဓဘာသာနဲ့မူစလင်ဘာသာကြား ​ပဋိပက္ခတွေ ​အိမ်တွေ ​ဗလီတွေ ​မီး ​ရှို့ဖျက်စီးမှုတွေ ​ကို ​တားစီးခြင်းမပြုလုပ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့ ​နိုင်ငံတကာ ​လူ့အခွင့်အရေး ​စောင့်ကြပ်ရေး ​အဖွဲ့ကတိုက်တွန်းခဲ့ပါတယ်။

မိတ္တီလာ ​မြို့လည်ခေါင်မှာ ​မကြာသေးခင်က ​မီးလောင် ​ပျက်စီး ​သွားပြီး ​ပြာကျနေတဲ့ ​မြင်ကွင်းတွေကို ​လူ့အခွင့်အရေး ​စောင့်ကြပ်ရေး ​အဖွဲ့ ​က ​ဂြိုဟ်တုကနေ ​ရိုက်ထားတဲ့ ​ပုံတွေကို ​ထုတ်ဖေါ် ​ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ​က ​ဗုဒ္ဓဘာသာနဲ့ ​မူစလင် ​ဘာသာကြား ​ပဋိပက္ခတွေမှာ ​ရပ်ကွက်လိုက် ​မီးရှို့မှုတွေ ​သတ်ဖြတ်မှုတွေနဲ့ ​ပတ်သက်ပြီး ​တရားခံတွေကို ​စုံစမ်းဖေါ်ထုတ်ပေး ​ဖို့ ​အစိုးရမှာ ​တာဝန်ရှိ ​တယ်လို့ ​လူ့အခွင့်အရေး ​ဆိုင်ရာ ​အဖွဲ့အစည်းရဲ့ ​ဒါရိုက်တာ ​ကပြောသွားပါတယ်။

လူ့အခွင့်အရေးဆိုင် ​ရာအဖွဲ့က ​ထိခိုက်ပျက်စီးမှု ​အများဆုံးဖြစ်ခဲ့တဲ့ ​မိတ္တီလာမြို့မှာ ​ရဲတပ်ဖွဲ့ ​အနေနဲ့ ​ပဋိပက္ခတွေကို ​ရက်အနည်းငယ် ​ဆက်လက်ဆိုးဝါး ​လာ ​နေတဲ့ ​အထိ ​အရေးယူခြင်း ​မရှိ ​ခဲ့ဘူးဆိုတဲ့ ​သက်သေ ​သာဓကတွေကို ​တွေ့ ​ခဲ့ ​တယ်လို့ ​ဆိုထားပါတယ်။

ဆက်လက်ပြီးတော့ ​မိတ္တီလာမှာ ​ဖြစ်ပွါးခဲ့ ​တဲ့ ​ဖြစ်စဉ်ဖြစ်ရပ်တွေဟာ ​ရခိုင်ပြည်မှာ ​ဖြစ်ပွါးသွားခဲ့ ​တဲ့ ​အခြေအနေမျိုး ​- ​လူပေါင်း ​၁၈၀ ​လောက်သေဆုံးပြီး ​လူနေရပ်ကွက်တွေ ​မီးလောင်ပြာကျခဲ့ ​တဲ့ ​အခြေအနေ ​နဲ့ ​တူနေ ​တဲ့ ​အကြောင်း ​-- ​မိတ္တီလာမြို့မှာ ​မူစလင်ဘာသာဝင်ဦးရေ ​သိသိသာသာများပြားမှု ​ရှိ ​နေတယ်ဆိုတာ ​တွေ့ရှိ ​ခဲ့ရတဲ့ ​အကြောင်းတွေကိုပြောသွားပါတယ်။

ပြီးခဲ့တဲ့တပါတ်က ​သမ္မတဦးသိန်းစိန်က ​နေပြီး ​အကြမ်းဖက်သူတွေ ​ကို ​ထိထိရောက်ရောက်အရေးယူမှာဖြစ်တဲ့အကြောင်း၊ ​နိုင်ငံရေး ​အခွင့်အရေးသမားတွေ ​နဲ့ ​ဘာသာရေး ​အစွန်းရောက်သူ ​တွေရဲ့လက်ချက်ဖြစ်တဲ့အကြောင်းတွေ ​ကို ​ပြောဆိုပြီး ​နောက် ​အခြေအနေ ​ငြိမ်သက်သွားတဲ့ ​သဏ္ဍန်ရှိ ​တယ်လို့ ​လူ့အခွင့်အရေး ​စောင့်ကြပ်ရေး ​အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ​နှစ်က ​ရခိုင်ပြည်အရေးအခင်းမှာ ​လုံခြုံရေးတပ်ဖွဲ့တွေ ​ဟာ ​မူစလင်ရွာသူရွာသားတွေကို ​သတ်ဖြတ်ခဲ့ပြီး ​အစိုးရ ​စစ်တပ်ဖွဲ့ဝင်တွေက ​ဘာမှ ​မလုပ်ဘဲ ​ကြည့်နေကြတယ်လို့ ​လူ့ ​အခွင့်အရေး ​စောင့် ​ကြပ်ရေးအဖွဲ့က ​စွပ်စွဲခဲ့ပါတယ်။

ဒီတချီမှာ ​လဲ ​အလားတူ ​အခြေအနေမျိုးတွေကို ​မြင်တွေ့ရတဲ့ ​အကြောင်း ​လုံခြုံရေးတွေက ​ဆူပူမှုတွေငြိမ်းသွားအောင် ​မိုးပေါ်ကို ​ထောင်ပြီး ​သေနတ်ပစ်ခဲ့ ​တဲ့ ​အကြောင်း၊ ​ဒါပေ ​မဲ့ ​တိုက်ခိုက်မှု ​တွေကို ​လက်ပိုက်ကြည့် ​နေခဲ့ ​တယ်လို့ ​စွပ်စွဲပြော ​ဆိုသွားပါတယ်။

စောစောပိုင်းက ​ကုလသမဂ္ဂ ​က ​နေ ​စွပ်စွဲထားတာတွေကို ​မြန်မာ ​အစိုး ​ရ ​က ​အခြေ ​အမြစ်မရှိ ​တဲ့ ​စွပ်စွဲချက်တွေလို့ ​ငြင်းဆိုထားပါတယ်။

အစ္စလာမ်ဘာသာဝင်နိုင်ငံများ ​ပေါင်းစည်းထားတဲ့ ​OIC ​အဖွဲ့ဝင်နိုင်ငံက ​ဝန်ကြီးတွေက ​လာမည့် ​စနေနေ့မှာ ​မြန်မာ ​နိုင်ငံက ​ဘာသာရေး ​ပဋိပက္ခ ​နဲ့ ​ပတ်သက်ပြီးတွေ့ဆုံဆွေးနွှေးမှာဖြစ်တဲ့အကြောင်းနဲ့၊ ​ကုလသမဂ္ဂ ​လုံခြုံရေးကောင်စီ ​ကို ​လဲ ​အရေးယူဆောင်ရွက်ပေး ​ဖို့ ​တောင်းဆိုထားတယ်လို့ ​သိရပါတယ်။

No comments: