Monday, April 1, 2013

မြန်မာမှာဖြစ်တဲ့ ပြဿနာအတွက် OICအဖွဲ့တို့ဆော်ဒီမှာဆွေးနွေးမယ်

ABC

အစ္စလာမ်ဘာသာပူပေါင်းဆောင်ရွက်ရေး ​အဖွဲ့ခေါင်းဆောင် ​Ekmeleddin ​Ihsanoglu ​က ​အခုလာ ​မည့် ​စနေနေ့မှာ ​အဖွဲ့ဝင်နိုင်ငံများက ​ဝန်ကြီးတွေ ​က ​မြန်မာ ​နိုင်ငံမှာဖြစ်ပွါးသွါးတဲ့ ​မူစလင်ဘာသာ ​ဆန့်ကျင်ရေး ​အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ​တွေ့ဆုံဆွေး ​နွှေးဖို့ ​ရှိ ​တယ်လို့ ​ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ​၁၀ ​ရက်ကာလ ​အတွင်း ​ဖြစ်ပွါးသွားတဲ့ ​အကြမ်းဖက်မှုမှာ ​အဆောက်အဦးပေါင်း ​၁၃၀၀ကျော်ဖျက် ​စီးခြင်းခံ ​ရ ​ပြီး ​လူပေါင်း ​၄၃ဦးသေဆုံးခဲ့ပါတယ်။

အစ္စလာမ်ဘာသာပူပေါင်းဆောင်ရွက်ရေး ​အဖွဲ့ခေါင်းဆောင် ​Ekmeleddin ​Ihsanoglu ​က ​မြန်မာ ​နိုင်ငံမှာဖြစ်ပွါးသွားတဲ့ ​မူစလင် ​ဘာသာဝင် ​တွေ ​အပေါ် ​အကြမ်းဖက်ခဲ့တာနဲ့ ​ပတ်သက်ပြီး ​လို ​အပ် ​တဲ့ ​ဆောင်ရွက်ချက် ​တွေကို ​ပြုလုပ်သွားဖို့ ​အဆင်သင့် ​ရှိ ​နေတယ်လို့ပြောခဲ့ပါတယ်။

မြန်မာအစိုး ​ရ ​ကိုလဲ ​မြန်မာနိုင်ငံတွင်း ​အစွန်းရောက် ​ဗုဒ္ဓ ​ဘာသာ ​ဝင်များ ​ရဲ့ ​မုန်းတီးမှု ​ဝါဒီ ​တွေ ​နဲ့ ​ပြည်တွင်း ​လူမျိုးရေး ​သန့်စင်တဲ့ ​မူစလင်တွေအပေါ် ​နှိမ် ​နင်းမှု ​တွေ ​ကို ​အဆုံးသတ်ပေး ​ဖို့တောင်းဆို ​ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ​အကြမ်းဖက်မှုတွေ ​နဲ့ ​နွယ်ပြီးလူပေါင်း ​၆၈ ​ဦးကိုဖမ်းစီးထားတယ်လို့ ​လဲ ​သိရ ​ပါတယ်။

အကြမ်းဖက်မှုတွေ ​ကြောင့်လူပေါင်း ​၁၁၃၇၆ဦးလဲ ​အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သိ ​ရ ​ပါတယ်။

မြို့နယ်ပေါင်း ​၁၅ ​မြို့နယ်မှာ ​အကြမ်းဖက်မှု ​စုစုပေါင်း ​၁၆၃မှု ​ဖြစ်ခဲ့ ​တယ်လို့ ​မြန်မာ ​ပြည်တွင်း ​သတင်းတွေမှာ ​ဖေါ်ပြခဲ့ပါတယ်။

လူဦးရေသန်း ​၆၀ ​လောက်ရှိ ​တဲ့ ​မြန်မာ ​နိုင်ငံမှာ ​၄%လောက်ဟာ ​အိန္ဒိယ၊ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​တရုတ် ​နိုင်ငံနွယ်ပွါးများ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။



ဘာသာရေးအစွန်းရောက်သူတွေကြောင့် ​ပြဿနာဖြစ်လို့ ​ကျွမ်းကျင်သူတွေပြော၊ ​ပြဿနာကြောင့် ​မြန်မာ့ဂုဏ်ညိုးနွမ်းလို့ ​သမ္မတဆို


မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာဟာ ​မူစလင်တွေကို ​မုန်းတီးတဲ့ ​ဘာသာရေး ​အစွန်းရောက်သူတွေကြောင့်ဖြစ်ပြီး ​အဲဒီထဲမှာ ​အစွန်းရောက်တဲ့ ​ဗုဒ္ဓသံဃာတော်တွေလည်း ​ပါဝင်တယ်လို့ ​ကျွမ်းကျင်သူတွေက ​သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ​မူစလင်လူမျိုးတွေကို ​မုန်းတီးတဲ့အဖွဲ့တွေ ​လှုပ်ရှားနေတယ်ဆိုတာ ​သိသာနေတဲ့အကြောင်း ​အဲဒီထဲက ​ဗုဒ္ဓသံဃာတချို့ဟာ ​အစ္စလာမ် ​ဘာသာအပေါ် ​သီးမခံဖို့ ​မုန်းတီးဖို့ ​အကြောင်းတွေ ​တရားဟောနေတဲ့အကြောင်း ​နိုင်ငံတကာ ​ပဋိပက္ခလေ့လာရေး ​ICG ​အဖွဲ့က ​Jim ​Della-Giacoma ​က ​ပြောလိုက်ပါတယ်။

မူစလင်လူမျိုးတွေ ​အစီအစဉ်ကျကျ ​နှိမ်နှင်းခံနေရတယ်ဆိုတာကို ​ကြည့်ခြင်းအားဖြင့် ​ဒီဖြစ်ရပ်တွေကို ​အနစ်တကျ ​စီစဉ်သူတွေ ​ရှိတယ်ဆိုတာကို ​ပြသတယ်လို့ ​ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမှာ ​ရှေ့ပြေးအဖြစ် ​ရှုမြင်ခဲ့ကြတဲ့ ​သံဃာတော်တချို့ဟာလည်း ​ပဋိပက္ခအတွင်း ​ပါဝင်တာတွေ ​ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

သံဃာတော် ​ဦးဝီရသူဦးဆောင်တဲ့အဖွဲ့ကတော့ ​မူစလင်လူမျိုးတွေပိုင်တဲ့ ​ဆိုင်တွေမှာ ​ဈေးမဝယ်ကြဖို့၊ ​အမြတ်အစွန်းတွေ ​တခြားလူမျိုးလက်ထဲ ​ရောက်သွားရင် ​ဘာသာနဲ့ ​စကားတွေ ​ထိခိုက်နစ်နာရပြီး ​မူစလင်တွေက ​အဲဒီအကျိုးအမြတ်ငွေတွေနဲ့ ​မြန်မာအမျိုးသမီးတွေကို ​ဝယ်ယူပြီး ​အစ္စလာမ်ဘာသာထဲ ​အတင်းဝင်ခိုင်းမယ့်အတွက် ​အားမပေးကြဖို့ ​တိုက်တွန်းခဲ့တာတွေလည်း ​ရှိတဲ့အကြောင်း ​အေဖက်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အေဖက်ပီနဲ့ ​တွေ့ဆုံရမှာ ​ဦးဝီရသူက ​၉၆၉ ​အဖွဲ့အနေနဲ့ ​ပဋိပက္ခအတွင်း ​မပါဝင်တဲ့အကြောင်း ​သူတို့အနေနဲ့ ​မူစလင်လူမျိုးအားလုံးကို ​ဆန့်ကျင်တာမဟုတ်ပဲ ​ရခိုင်လူမျိုးတွေအပေါ် ​အကြမ်းဖက်နေတဲ့ ​ဘင်ဂါလီလူမျိုးတွေကိုသာ ​ပစ်မှတ်ထားမှုတွေ ​လုပ်နေတာလို့ ​တုန့်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေကြောင့် ​နိုင်ငံတကာမှာ ​မြန်မာ့ ​ဂုဏ်သိက္ခာ ​ညိုးနွမ်းနေရတယ်လို့ ​သမ္မတဦးသိန်းစိန်ကပြောလိုက်ပြီး ​ဒီအကြမ်းဖက်မှာ ​ပါဝင်သူတွေကို ​အရေးယူမယ်လို့ ​ပြောလိုက်ပါတယ်။

ကုလသမဂ္ဂကလည်း ​ပဋိပက္ခတွေအတွင်း ​မြန်မာစစ်တပ်တွေ၊ ​ရဲတွေပါဝင်ခဲ့တယ်လို့ ​ပြောခဲ့တာကို ​မြန်မာအစိုးရက ​ငြင်းဆိုလိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်တွေက ​အကြမ်းဖက်မှုတွေလုပ်နေတာကို ​အာဏာပိုင်တွေက ​အရေးယူမှုတွေမလုပ်ခဲ့ဘူးလို့ ​ပြောဆိုတဲ့အပေါ် ​မြန်မာအစိုးရက ​အခြေအမြစ် ​မရှိတဲ့ ​ပြောဆိုချက်လို့ ​တုန့်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အနေနဲ့ ​တဆင့်ကြားရတဲ့စကားကို ​မယုံကြည်သင့်ဘူးလို့ ​ပြောလိုက်ပါတယ်။

No comments: