Tuesday, April 16, 2013

မြန်မာမှာOIC ဝန်ကြီးကို လေ့လာခွင့်ပေးဖို့ပြော

ABC

အစ္စလာမ် ​နိုင်ငံများ ​ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ ​OIC ​က ​မြန်မာနိုင်ငံမှာ ​ဖြစ်ပွါးသွားခဲ့တဲ့ ​ဘာသာရေး ​အကြမ်းဖက်မှုနဲ့ ​ပတ်သက်ပြီး ​အခြေအနေကို ​စီစစ် ​သုံးသပ်နိုင်အောင် ​အဖွဲ့ဝင် ​နိုင်ငံ ​ဝန်ကြီးတွေကို ​မြန်မာနိုင်ငံကို ​လာရောက်ခွင့်ပေးဖို့ ​မြန်မာအစိုးရကို ​တောင်းဆို ​နေတယ်လို့ ​သိရပါတယ်။

မြန်မာအစိုးရကိုလဲ ​ဒီတောင်းဆိုချက်ကို ​ခိုင်ခိုင်မာမာ ​တုန့်ပြန်ပြီ ​OIC ​ဝန်ကြီးအဖွဲ့ကို ​လက်ခံဖို့ ​တောင်းဆို ​ထားပါတယ်။

ထုတ်ပြန်ချက်ကို ​OIC ​က ​ဆော်ဒီအာရေးဘီးယား ​နိုင်ငံ ​ဂျဲဒါ ​မြို့အစည်းအဝေး ​အပြီးမှာ ​ထုတ်ပြန် ​ခဲ့တာဖြစ်ပါတယ်။

ဂျဲဒါ ​မြို့ ​အစည်းအဝေး ​တက်ရောက်ခဲ့တဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီးတွေဟာ ​OIC ​အဖွဲ့ဝင်နိုင်ငံ ​၅၇ ​နိုင်ငံထဲက ​၁၁ ​နိုင်ငံက ​နိုင်ငံခြားရေး ​ဝန်ကြီးတွေ ​ပါဝင်ဖွဲ့စည်းထားတာ ​ဖြစ်ပြီး ​OIC ​contact ​group ​လို့ခေါ်တဲ့ ​အရေးပေါ် ​အဖွဲ့ကို ​စက်တင်ဘာလက ​ဖွဲ့စည်းခဲ့တာ ​ဖြစ်ပါတယ်။

OIC ​၅၇ ​နိုင်ငံထဲကaန ​အရေးပေါ် ​အဖွဲ့ထဲ ​ပါဝင်ခဲ့တဲ့ ​နိုင်ငံတွေ ​ကတော့ ​အာဖဂန်နစ္စတန်၊ ​ဆော်ဒီအာရေးဘီးယား၊ ​ဘင်္ဂလားဒေ့ရှ်၊ ​ဘရူနိုင်း၊ ​ဂျာပူတီ၊ ​အီဂျစ်၊ ​UAE၊ ​အင်ဒိုနီးရှား၊ ​မလေးရှား၊ ​ဆူဒန်နဲ့ ​တူရကီ ​နိုင်ငံတို့ ​ဖြစ်ကြပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​ကော်မရှင်ကိုလဲ ​အချက်အလက် ​စုံစမ်းရေးအဖွဲ့ ​စေလွှတ်ဖို့ ​တောင်းဆို ​ထားပါတယ်။

OIC ​က ​ပြီးခဲ့တဲ့နှစ် ​ရခိုင်ပြည်နယ်က ​အကြမ်းဖက်မှုမှာ ​လူပေါင်း ​၁၈၀ ​အထိ ​သေဆုံးသွားတာကို ​လက်မခံ ​နိုင်ဘူးလို့ ​ဆိုထားပါတယ်။

မြန်မာ ​အစိုးရကိုလဲ ​ဗုဒ္ဓဘာသာ ​နဲ့ ​မူစလင် ​ပဋိပက္ခ ​ဖြေရှင်းမှု ​ကိုင်တွယ်ပုံကိုလဲ ​ဘဝင်မကျတဲ့ ​ဝေဖန် ​ပြောဆိုမှုတွေ ​ပြုလုပ်ထားပါတယ်။

လူပေါင်း ​၄၃ဦး ​သေဆုံးသွားခဲ့တဲ့ ​မိတ္ထီလာ ​သွေးထွက်သံယို ​အကြမ်းဖက်မှု ​နဲ့ ​ပတ်သက်ပြီး၊ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်လဲရေးမှာ ​မူစလင် ​လူမျိုးစုတွေက ​ဒါဏ်ခံနေရတဲ့အကြောင်း၊ ​အသက်အိုးအိမ် ​အတွက် ​စိုး ​ရိမ်နေရ ​ပြီး၊ ​ဗုဒ္ဓဘာသာဝင် ​ကြီးစိုးတဲ့ ​ပတ်ဝန်းကျင်မှာ ​ဘယ်လိုဆက်လက် ​နေထိုင် ​နိုင်မှာလဲလို့ ​မူစလင် ​ခေါင်းဆောင် ​တဦးကပြောပါတယ်။

မြန်မာ ​နိုင်ငံတွင်းမှာ ​ရိုဟင်ဂျာတွေကို ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကနေ ​တရားမဝင် ​လာရောက်နေထိုင် ​ကြတဲ့ ​ဘင်္ဂါလီ ​လူမျိုးတွေလို့ ​ယူဆထားပေမဲ့၊ ​မိတ္ထီလာ ​အရေးအခင်းမှာ ​ပါဝင်ခဲ့တဲ့ ​မူစလင်တွေ ​ဟာ ​မြန်မာနိုင်ငံသားများ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

No comments: