Monday, April 1, 2013

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲမလုပ်ခင် UNFC အဖွဲ့ တွေ့ဆုံ

ABC

မြန်မာအစိုးရနဲ့ ​မကြာခင်ဆွေးနွေးမှုတွေ ​စတင်တော့မည့် ​နိုင်ငံရေးဆွေးနွေးမှုတွေမှာ ​တိုင်းရင်းသားတွေဖက်က ​မူဘောင်အတိုင်း ​တညီတညွတ်တည်းဖြစ်စေဖို့ဆိုပြီး ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​တိုင်းရင်းသား ​လက်နက်ကိုင်ခေါင်းဆောင်တွေ ​၃ ​ရက်ကြာတွေ့ဆုံဆွေးနွေး ​ခဲ့ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ​၁၁ ​ဖွဲ့ ​ပူးပေါင်းဖွဲ့စည်းထားတဲ့ ​ညီညွတ်သော ​တိုင်းရင်းသားလူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​အဖွဲ့ဝင်ခေါင်းဆောင်တွေရဲ့ ​သုံး ​ရက် ​ကြာ ​ဆွေးနွေးမှု ​အတွင်း ​ဆွေးနွေးခဲ့တာတွေကို ​ UNFC ​အတွင်းရေးမှူး ​၂ ​ဖြစ်တဲ့ ​ဦးခွန်ဥက္ကာ ​က ​အခုလို ​ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ​အဖွဲ့အစည်း ​ထိပ်သီးခေါင်းဆောင် ​အစည်းအဝေးပေါ့၊ ​WGEC ​က ​မဆုံးဖြတ်နိုင်တဲ့ဟာတွေကို ​ခေါင်းဆောင်တွေ ​ခေါ်ပြီးတော့ ​ဆုံးဖြတ်တာ၊ ​ဖရိန်းဝက်ဖော် ​ပေါ်လတီကယ် ​ဒိုင်ယာလော့ ​အဲ့ဒါလေးပဲ ​လောလောဆယ်ဆယ် ​လုပ်ရမည် ​ဆိုပြီးတော့ ​လက်ခံလိုက်တာ။ ​ဆုံဖြတ်ချက် ​အဲ့တစ်ခု၊ ​နိုင်ငံရေး ​ဆွေးနွေးပွဲ ​အတွက် ​လိုအပ်သည့် ​မူဘောင်များပေါ့။ 

ဒီအစည်းအဝေးကို ​UNFC ​အဖွဲ့ဝင် ​၁၁ ​ဖွဲ့အပြင် ​DKBA ​တိုးတက်သော ​ဗုဒ္ဓဘာသာ ​ကရင် ​အမျိုးသား ​တပ်မတော်၊ ​ကရင်ငြိမ်းချမ်းရေး ​ကောင်စီ၊ ​RCSS/SSA ​ရှမ်းပြည်ပြန်လည် ​ထူထောင်ရေးကောင်စီ ​အဖွဲ့က ​ခေါင်းဆောင်တွေလည်း ​တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

အစိုးရနဲ့ ​နိုင်ငံရေးအရ ​အဓိက ​ဆက်လက်ဆွေးနွေးဆုံးဖြတ်ချက်တွေ ​ချမှတ်နိုင်ဖို့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းက ​ထိပ်သီးခေါင်းဆောင်တွေ ​ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ​ဒီအစည်းအဝေးကို ​တိုင်းရင်းသား ​ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ​WGEC ​(Working ​Group ​for ​Ethnic ​Co-ordinating) ​အဖွဲ့က ​ဦးဆောင်စီစဉ်ခဲ့တာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: