ဇော်ဇော်ထွေး
လှိုင်မြစ်ထဲတွင် ခရီးသည်တင် စက်လှေတစ်စင်း စက်တင်ဘာ ၂၈ ရက် ည ၉ နာရီခွဲက နစ်မြုပ်ခဲ့ရာ အုတ်စက်ရုံအလုပ်သမ သုံးဦး ရေနစ်ပျောက်ဆုံးနေကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
မှော်ဘီမြို့နယ် ချောင်းဝအုပ်စု၊ မိုးကုလားစုကျေးရွာအနီး လှိုင်မြစ်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးကုလားစု ကျေးရွာနေကို----- မောင်းနှင်လာခဲ့သော အရှည်(၂၀) ပေ၊ အကျယ်နှစ်ပေခွဲခန့်ရှိ တရုတ်ဟွန်ဒါ တစ်ကောင်ခွဲ အင်ဂျင်တပ်ထားသည့် အိမ်သုံး သစ်သားစက်လှေ ဖြစ်သည်။
စက်လှေသည် ခရီးသည်များကို တင်ဆောင်၍ မိုးကုလားစုကျေးရွာမှ ညောင်အင်း ကုန်းကျေးရွာသို့ချောင်းဝချောင်းမှ တစ်ဆင့် လှိုင်မြစ်ကြောင်းတိုင်း ကမ်းပါးမှ ပေ (၂၀)ခန့် ခွာပြီး ရေဆန်ကို ဆန်တက်မောင်းနှင်စဉ် ရေ၀ဲစုပ်၍ စက်လှေအတွင်း ရေ၀င်တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ် သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။
လိုက်ပါစီးနင်းသည့် အင်းစိန်မြို့နေ အုတ်စက်ရုံ အလုပ်သမ မခင်သီတာဝင်း (၃၀)နှစ်နှင့် မတင်တင်မိုး (၃၀) နှစ် နှစ်ဦးတို့ကို ရေထဲမှ ပြန်လည်ကယ်ဆယ်ရရှိခဲ့သော်လည်း မလှလှမော်(၄၄)နှစ်နှင့် မ၀င်းဝင်းမော် (အသက် စိစစ်ဆဲ)တို့မှာ ပျောက်ဆုံးနေသည့်အပြင် ရွှေပြည်သာမြို့နယ်နေသည့် အုတ်စက် လုပ်သမ မဇာနည်မော်(၃၀) နှစ်တို့မှာ ရေနစ်ပျောက်ဆုံးနေသည်ဟု ဆိုထားသည်။
ထို့ကြောင့် ထွက်ပြေးသွားသည့် ရေယာဉ်မောင်းအား မဆင်မခြင် မောင်းနှင်သူအဖြစ် အရေးယူပေးရန် ဒု-ရဲအုပ် ရန်နောင်လတ်က အမှုဖွင့် တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို မှော်ဘီရဲစခန်း က (ပ)၅၅၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၂၈၀ /၂၀၂ ဖြင့် တရားစွဲတင် ရန် လုပ်ဆောင်လျက်ရှိသည်။
No comments:
Post a Comment