Thursday, October 10, 2013

ရုံးထုတ်လာစဉ် အချုပ်သားတစ်ဦး သေဆုံးမှုဖြစ်ပွား

တိုးကြီး(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် တရားရုံးသို့ ကလေးအကျဉ်းထောင်မှ ရုံးထုတ်လာသော အချုပ်သား အမှုသည် တစ်ဦးသည် အောက်တိုဘာ ၇ ရက် မွန်းတည့်ချိန်က ကြားနာစစ်ဆေးခြင်းမပြုမီ ကွယ်လွန်ခဲ့သည်ဟု အချုပ်ခန်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါအချုပ်သားမှာ တရားရုံးအချုပ်ခန်းအတွင်းထည့်ထားစဉ် သတိမေ့မျောခဲ့သည့်အတွက် ကလေးမြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး ၁၅မိနစ်အကြာတွင် သေဆုံးခဲ့ သည်ဟု ဆိုသည်။

ထိုသို့ တရားခွင်မရောက်မီ အချုပ်သားသေဆုံးခဲ့ခြင်းအား စစ်ဆေးဆောင်ရွက်ရန် ကလေးမြို့မ ရဲစခန်းတွင်သေမှုသေခင်းအရ အမှုလက်ခံဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ထိုအချုပ်သားသည် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် နေထိုင်သော အသက် ၄၉နှစ်အရွယ် ကို------ဆိုသူဖြစ်သည်။ ထိုသူသည် ကလေးမြို့နယ် တရားရုံးတွင်ပုဒ်မ ၁၅/၁၆(ဂ)/၂၁အမှုတွဲအား ကြားနာစစ် ဆေးရန် ကလေးမြို့ အကျဉ်းထောင်မှ ရုံးထုတ်လာခဲ့ခြင်းဖြစ်သည်။

No comments: