ကိုတိုးကြီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စုံလာမြိုင်ကျေးရွာ၌ စက်တင်ဘာလ ၂၈ရက် နံနက် ၂နာရီအချိန်တွင် ဘုန်းချောင်းရေကြီးလာသဖြင့် အသက်(၆၀) နှစ်အရွယ် အဘွားတစ်ဦး ရေမျောပျောက်ဆုံးခဲ့သည်ဟု ၎င်း၏ ခင်ပွန်း က မဇ္ဈိမကို ပြောသည်။
ထိုသို့ရေမျောခဲ့ရာ ဒေါ်လှကြည် အသက် (၆၀)နှစ်မှာ ရေထဲမျောပါသွားပြီး ပျောက်ဆုံးနေကြောင်း ၎င်း၏ ခင်ပွန်းဖြစ်သူက ရဲစခန်းသို့ လာရောက်အကြောင်းကြားခြင်းဖြစ်သည်။
ထိုရက်က မိုးရွာသွန်းမှု အလွန်များပြားခဲ့ခြင်းကြောင့် ဘုန်းချောင်းရေ ရုတ်တရက်ကြီးလာပြီး ထိုဒေသရှိ လူနေအိမ် တချို့ ရေနစ်မြုပ်ခဲ့ခြင်းကြောင့် လူပါမျောပါရခြင်းဖြစ်သည်ဟု ရဲစခန်း၏ မှတ်တမ်းကဆိုသည်။
ထိုသူ၏ အကြောင်းကြားချက်အား ရဲစခန်းမှလူပျောက်မှုအဖြစ် အမှုရေးဖွင့်ထားပြီး အမြန်ဆုံး ပြန်လည် တွေ့ရှိရန် ရဲတပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment