Saturday, October 26, 2013

သံတွဲတွင် နောက်ထပ် ဖမ်းဆီးခံရသူ (၄) ဦးရှိ

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြိုနယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ဆက်စပ်သူများဟု သံသယ ဖြစ်ခံရသူ နောက်ထပ် ရခိုင်အမျိုးသား (၄) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သည့် ဒွာရ၀တီ ကွက်သစ်မှ ကိုတွဋ်ကို အောက်တိုဘာလ ၁၈ ရက်နေ့က ဖမ်းဆီးသွားသည်ဟု သိရသည်။ ၎င်းပြင် ဗိုက်ကလေးဆိုသော သံတွဲမြို့ ဒွါရ၀တီ ကွက်သစ်မှ လူငယ် တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ ၆ လမ်းမှ ကိုခင်ထွန်း (၄၁) နှစ်ကိုမူ အောက်တိုဘာလ ၂၀ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်။ (နိရဉ္စရာမှ သတင်းဖေါ်ပြပြီး။) ကိုသိန်းဝင်းဦးဆိုသည့် ဒွါရ၀တီ ၄ ရက်ကွက်တွင် နေထိုင်သူ တစ်ဦးကိုလည်း အောက်တိုဘာလ ၂၁ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

သူတို့ ၄ ဦးမှာ လောလောဆယ် ရက်ပိုင်း အတွင်း နောက်ဆုံး ဖမ်းခံရသူများ ဖြစ်ကြောင်း သံတွဲမြို့နယ် RNDP အတွင်းရေးမှူး ကိုမောင်ဖြူက ပြောသည်။ “ ရခိုင်တွေဘက်က ဖမ်းဆီးခံရတဲ့ သူက စုစုပေါင်း ၅၇ ဦး၊ ဒီအထဲက ၅ ဦးကို လွှတ်ပေးလိုက်တော့ အခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံထားရတာ ၅၂ ဦး ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းပြင် သက်ဆိုင်ရာ ရဲထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက နိုင်ငံရေး လူုပ်ရှားသူများ၊ လူုမူရေး လူပ်ရှားသူများကို အနီးကပ် စောင့်ကြည့်မူများ ရှိနေသဖြင့် အများစုက မဆီမဆိုင် အဖမ်းခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ သံတွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၇၈ ဦးရှိပြီး ထိုအထဲမှ ၃၄ ဦးကို ရုံးတင် တရားစွဲဆိုမည် ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။ “ အခုအချိန်ထိတော့ ရုံးတင် တရားစွဲဆိုတာမျိုးတော့ မလုပ်သေးဘူး။

သူတို့ကို ရုံးထုတ်တယ်ဆိုတာကလည်း စစ်ဆေးဖို့အတွက် တရားရုံးက ရမန်ယူတဲ့ အဆင့်လောက်ဘဲ ရှိပါသေးတယ်”
ဟု ၎င်းက ပြောဆိုသည်။ ယခင် ဖမ်းဆီး စစ်ဆေးစဉ် မော်တော်ဆိုင်ကယ်သမားများကို ပါးစပ်မှ မော်တော်ဆိုင်ကယ် အသံထွက်ကာ မော်တော်ဆိုင်ကယ်စီးခိုင်းပြီး စစ်ဆေးသလို ကားသမားများကိုမူ ကားမောင်းခိုင်းကာ စစ်ဆေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု နောက်ပိုင်းတွင် ထိုသို့ ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးသည်ဆိုသော သတင်းများ မကြားရတော့ကြောင်း ကိုမောင်ဖြူက ပြောဆိုသွားသည်။

No comments: