နေမျိုး
အိန်္ဒိယ-မြန်မာ နယ်စပ်တွင် ပေါက်နေသည့် ဂျင်ဆင်းဥများကို တရားမ၀င် ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် အိန္ဒိယအစိုးရက တားမြစ်ထားသော်လည်း မြန်မာနယ်စပ်မှဖြတ်ကာ တရုတ်နိုင်ငံသို့ ကုန်တင် ကားများဖြင့် မှောင်ခိုသယ်ယူလျက်ရှိသည်ဟု အောက်တိုဘာလ၂၄ ရက်ထုတ် Sangai Express သ တင်းစာက ရေးသားသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် တောင်တန်းပေါ်ရှိ တပ်ဆမ်ကျေးရွာမှ ဆေးဖက်ဝင် ဂျင်ဆင်းဥများကို လွန်ခဲ့သည့်နှစ်အနည်းငယ်က တရုတ်ကုမ္ပဏီတချို့က လူလွှတ်ကာ မြန်မာနိုင်ငံ ဆွမ္ပရာကျေးရွာမှတစ် ဆင့် အများအပြား ၀ယ်ယူခဲ့ကြသည်။
ထိုဂျင်ဆင်းဥအခြောက် တစ်ကီလိုဂရမ်လျှင် မြန်မာကျပ်ငွေ ၃၇,၅၀၀ကျပ်နှုန်း ဈေးပေါက်သည်ဟုလည်း သိရသည်။
ထိုဆေးဖက်ဝင် ဂျင်ဆင်းဥများအား တရားမ၀င် သယ်ဆောင် ရောင်းဝယ်ဖောက်ကားခြင်းကို အိန္ဒိယ အစိုးရက တားမြစ်ထားသည်။
သို့သော် ထိုဂျင်ဆင်းဥ(အရပ်အခေါ် တောင်လုံးကျော်ဥ)များအား မြန်မာနိုင်ငံနယ်စပ်မှ ဖြတ်ကျော်သယ် ဆောင်မည်ဆိုပါက ပရဆေးအနေဖြင့် တရားဝင် ခွင့်ပြုထားပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အခုလည်း သွားပါတယ်။ အရင်တုန်းက အောက်လမ်း(တရားမ၀င်လမ်း)က သွားတယ်။ ဘယဆေး အနေနဲ့ သွားတယ်။ မိုးရေးကနေ မြန်မာပြည်ဝင်တာ၊ အိန္ဒိယပြည်နယ်တွေက ထွက်တာ။ နယ်စပ်ကနေ သွားတာ။ လုပ်နေကျမဟုတ်တော့ အခု ဈေးနှုန်းမသိဘူး။ ရူပီး၂၅၀၀ (မြန်မာငွေ ခုနှစ်သောင်းခွဲကျော်) လောက် ပေါက်တယ်။ ဒီကနေ မန္တလေးကို သွားတယ်ဗျ”ဟု တမူးမြို့ အရောင်းအ၀ယ်လုပ်နေသူ အမျိုး သားတစ်ဦးက မဇ္ဈိမကို ရှင်းပြသည်။
ဒေသခံများအဆိုအရ ထိုဆေးဖက်ဝင် ဂျင်ဆင်းဥများအား တရုတ်ကုမ္ပဏီများမှ အ၀ယ်တော်များ အလုံး အရင်းဖြင့် လာရောက် ၀ယ်ယူကာ ဆေးဝါးဖော်စပ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်ဝန်းကျင်မှ စတင်ကာ မဏိပူရ်ပြည်နယ်၊ နာဂလန်းပြည်နယ် တောင်တန်းများပေါ်တွင် ထွက် ရှိသည့် ဂျင်ဆင်းဥ အရောင်းအ၀ယ်သည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပြီးနောက်ပိုင်း အိန္ဒိယအစိုးရက ပိတ်ပင် တားမြစ်ထားခဲ့သည်။
No comments:
Post a Comment