Friday, October 4, 2013

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရမိထားသူတစ်ဦးကို လ၀က ဥပဒေဖြင့် ထပ်ဆင့်အမှုဖွင့်

ဇော်ဇော်ထွေး

လသာမြို့နယ်တွင် မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိထားသော တရုတ်လူမျိုး တစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်း စည်းကမ်းများအား ချိုးဖောက်ခဲ့မှုဖြင့် အောက်တိုဘာ ၁ ရက်တွင် လ၀က ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့် လိုက်ကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

အမှုတွင် ရန်ကုန်ပိုင်းအရှေ့ပိုင်းခရိုင် မူးယစ်အထူးနှင့်အဖွဲ့သည် အသက် (၅၃) နှစ်အရွယ် ... ခေါ်.. ပတ်စ်ပို့အမှတ် ... ရှိနေသည့် တိုက် ဩ. ရွှေတိဂုံဘုရားလမ်း၊ ဗဟန်း၊ နေအိမ်ကို စက်တင်ဘာ ၃ ရက် ၀င်ရောက်ရှာဖွေခဲ့ကြသည်။

ယင်းသို့ ရှာဖွေရာတွင် ဩ.. ဆိုသူ ထံမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၅၂)ပြား၊ ဒိုင်ယာစီဖင် ထိုးဆေး(၁၁)လုံး၊ ဗျူဖရီနော်မင်းထိုးဆေး(၂၁) လုံးနှင့် ဆက်စပ်ပစ်္စည်းများကို သိမ်းဆည်း ရမိခဲ့သည်။

ယင်းပစ္စည်းများ လက်ဝယ်တွေ့ရှိမှုကြောင့် ... (ခ)....နှင့် ဆေးဝါးများလာရောက် ပို့ဆောင်ပေးသူ ... (ခ)... ၊ .... (ခ)... တို့အပေါ် လသာရဲစခန်းက မယ ဖ(ပ) ၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က) /၁၉(ခ) တို့ဖြင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ယခုအချိန်တွင် ...... (ခ) ...သည် မြန်မာနိုင်ငံအတွင်းသို့ တရား ဥပဒေနှင့်အညီ ၀င်ရောက်ပြီး ခွင့်ပြု ထားသော စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် ၄င်းကို ထပ်မံအရေး ယူပေးရန် ဦးခင်မောင်သန်း၊ ဦးစီးအရာရှိ (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ လသာမြို့ နယ်) ကတရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လသာရဲစခန်းက အောက်တိုဘာ ၁ ရက်တွင် (ပ) ၂၃၇/၂၀၁၃ဖြင့် အမှုဖွင့်လိုက်ပြီး ၁၉၄၇ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အရေးယူရန် တိုင်ကြားခံရသူအား စစ်ဆေးသွားမည်ဖြစ်သည်ဟု တိုင်းရဲဌာနမှ သိရသည်။

No comments: