Thursday, October 10, 2013

ဇနီးက ဓားနှင့်ထိုးသဖြင့် ခင်ပွန်းသေဆုံး

ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃

မှော်ဘီမြို့နယ် ရွှေမြယာကျေးရွာ၌ ဇနီးက ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၈ ရက်ကဖြစ်ပွားခဲ့သည်။

ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်ပြီး မိန်းမဖြစ်သူက ဓားဖြင့်ထိုး၍ ယောက်ျား သေဆုံးသွားကြောင်း ဇနီး၏မောင်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။ ဓားဖြင့်ထိုးခံရသူမှာ ၀ဲရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးနေပြီး အနီးတွင် အရှည်သုံးပေခွဲခန့်ရှိ ဓါးရိုးတပ်အသွား ၁၀ လက်မရှိဓါးဦးချွန်တစ် ချောင်းကိုသွေးပေလျက် တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။

ထို့ကြောင့် မ----ကို အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးကပင် တရားလိုပြုလုပ်တိုင်တန်းထားပြီး မှော်ဘီရဲစခန်း က (ပ)၅၈၁/၂၀၁၃ဖြင့် အမှုဖွင့်ကာ ပုဒ်မ ၃၀၂ ဖြင့် အရေးယူရန် တိုင်တန်းခံရသူအား စစ်ဆေးနေသည်။

No comments: