ကေဇင်ဦး
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်း သားတိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုအပါအဝင် အခြားသူ ငါးဦးကို သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်ဟု RNDP ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
“ဦးမောင်ပုက လွှတ်တော်ဥက္ကဌ နဲ့ရန်ကုန်မှာတွေ့ဆုံဖို့အတွက် ၂၈ ရက်မတိုင်ခင်ကပဲ ရန်ကုန်ကိုရောက်နေတာ၊ ၃၀ ရက်နေ့မှာ သံတွဲကိုပြန်တယ်၊ သူဘာမှဒီကိစ္စကို သိမှာမဟုတ်ဘူး၊ ဒီလိုပဋိပက္ခဖြစ်ရင် ကျွန်တော်တို့ပါတီကို စစ်တာဆေးဆာထုံးစံဖြစ်နေပြီ ကျွန်တော်တို့ပါတီအနေနဲ့ အကြမ်းဖက်မှုတွေမှာ မပါဝင်ဖို့ ထုတ်ပြန်ထားတယ်”ဟု ဦးဦးလှစောက ပြောသည်။
ပဋိပက္ခများသည် သွေးထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်ရသည်ဟု သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးကျော်တင့်က ဆိုလိုက်ပြီး တောရောမြို့ပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်းဆိုသည်။
“ဒီကိစ္စက ဘေးက သွေးထိုးမှုတွေအများကြီးပါတယ်၊ ဖြစ်တဲ့ရွာတွေက လူတွေက ဘာမှ သိတဲ့သူတွေ မဟုတ် ဘူး လှုံ့ဆော်မှုတွေကြောင့်ဖြစ်ရတာ အဲဒါကြောင့်စစ်ဆေးသင့်တဲ့သူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်၊ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲဆိုတာတော့ပြောလို့မရပါဘူး ”ဟု ပြောသည်။
စက်တင်ဘာ ၂၈ ရက်မှစတင်ခဲ့သည့် သံတွဲခရိုင်ပဋိပက္ခအတွင်း အိမ်ခြေပေါင်း ၁၀၀ ကျော် မီးလောင် ပျက်စီး ခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment