အောင်သူရထွန်း
လွှတ်တော်ကော်မတီ၊ ကော်မရှင်များ၏ လေ့လာမှုအရ အစိုးရနှင့် တရားစီရင်ရေးကဏ္ဍက လက်ရှိကျင့် သုံးနေသော ဥပဒေများအနက် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲသင့်သည့် ဥပဒေပေါင်း ၁၃၄ ခု ရှိနေ သေးသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
“လွှတ်တော်ရဲ့အဆိုပြုချက်အရ ပြည်ထောင်စုအစိုးရက သက်ဆိုင်ရာဌာနများသို့ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်အကြောင်းကြားထားပြီးဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောသည်။
န၀မပုံမှန် လွှတ်တော်အစည်းအဝေး၏ နောက်ဆုံးရက်ဖြစ်သည့် မတ်လ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဥပဒေပြုရာတွင် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် မှန်ကန်သောစေတနာဖြင့် ဆောင်ရွက်ကြရန် လွှတ်တော်အမတ်များအား တိုက်တွန်းလိုက်သလို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကလည်း ပူးပေါင်း ပါဝင်ရန် သူရဦးရွှေမန်းက တိုက်တွန်းခဲ့သေးသည်။
လက်ရှိ န၀မပုံမှန်အစည်းအဝေးတွင် အမျိုးသားစီမံကိန်း ဥပဒေ၊ ၂၀၁၄ ခုနှစ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပ ဒေ၊ ၂၀၁၄ ခုနှစ် အခွန်အကောက်ဆိုင်ရာဥပဒေ အပါအ၀င် ဥပဒေပေါင်း ၂၁ ခုကို အတည်ပြုခဲ့သည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတစ်လျှောက် ဥပဒေစုစုပေါင်း ၉၂ ခုကို အတည်ပြုပြ ဋ္ဌာန်းနိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် ဥပဒေရှစ်ခု ပေးပို့ထားသည့်အပြင် လွှတ်တော်အသီးသီး၌ ဆောင်ရွက်ဆဲဥပဒေကြမ်း ၅၁ ခုကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည်။
လွှတ်တော်အမတ်များကိုလည်း သူရဦးရွှေမန်းက “ပြည်သူများ၏ တရားမျှတမှုရှိတဲ့ မျှော်လင့်ချက်များကို ဖော်ဆောင် ဖြည့်ဆည်းပေးမယ်လို့ ကတိပြုထားတာနဲ့အညီ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥ ပဒေများကို လေးစားကြရမှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက တိုက်တွန်းခဲ့သည်။
လက်ရှိ န၀မပုံမှန်အစည်းအဝေး ပြီးဆုံးသွားပြီဖြစ်ကာ လာမည့် ဒသမ ပုံမှန် အစည်းအဝေးကို မေလတ တိယပတ်အတွင်း ဆက်လက်ကျင်းပမည်ဟု ၎င်းက ကြေညာသွားသည်။
No comments:
Post a Comment