Monday, June 16, 2014

မဟာသန္တိသုခကျောင်း ချိတ်ပိတ်မှုကို ဥပဒေနဲ့အညီ ဖြေရှင်းမည်

ABC

မဟာသန္တိသုခကျောင်းတိုက်က ​သံဃာတော် ​(၅) ​ပါးကို ​သာသနာညိုးနွမ်းစေမှုနဲ့ ​လူဝတ်လဲစေခိုင်းပြီး ​အင်းစိန်ထောင်ကို ​ခေါ်သွားတဲ့ကိစ္စကို ​ပီနန်ဆရာတော်က ​ဥပဒေနဲ့အညီ ​ပြန်ဖြေရှင်းသွားမယ်လို့ ​ဂျပန်နိုင်ငံမှာ ​သတင်းသုံးနေစဉ် ​မိန့်ကြားလိုက်ပါတယ်။

ပီနန် ​ဆရာတော်ရဲ့ ​တပည့်ရင်းဖြစ်တဲ့ ​ဦးပညာအပါအ၀င် ​ဦးသုန္ဒရ၊ ​ဦးဥတ္တရနဲ့ ​တခြား ​သံဃာတော် ​(၂) ​ပါးကို ​သာသနာကို ​ညိုးနွမ်းအောင်လုပ်တယ်ဆိုပြီး ​အဲ့ဒီသံဃာတော် ​(၅) ​ပါးကို ​လူဝတ်လဲခိုင်းပြီး ​အင်းစိန်ထောင်ပို့လိုက်တာဖြစ်ပါတယ်။ 

သာသနာကို ​ညိုးနွမ်းစေတယ်လို့ ​ဆိုတဲ့ ​တဘက်က ​စွပ်စွဲထားချက်ကိုလည်း ​ဖြေရှင်းချက်ပေးဖို့ ​ပီနန်ဆရာတော် ​ဦးပညာဝံသက ​မိန့်ကြားခဲ့ပါတယ်။

မဟာ ​သန္တိသုခ ​ကျောင်းတိုက်က ​ရဟန်း ​သံဃာတွေကို ​ဇွန်လ ​(၁၀) ​ရက် ​ည ​(၁၀) ​နာရီက ​အာဏာပိုင်တွေက ​ကမ္ဘာအေး ​ကုန်းမြေကို ​ခေါ်သွားခဲ့ပြီးတော့ ​မဟာ ​သန္တိသုခ ​ကျောင်းကို ​ချိတ်ပိတ်လိုက်တာ ​ဖြစ်ပါတယ်။

အဲ့ဒီ ​သံဃာတော် ​(၅) ​ပါးက ​ဘယ်လို ​သာသနာကို ​ညိုးနွမ်း ​အောင်လုပ် ​တယ်ဆိုတာကို ​အရှေ့ပိုင်း ​ခရိုင် ​ရဲတပ်ဖွဲ့မှူးရုံးက ​ဒုရဲမှူးကြီးမင့်အေးကို ​မေးကြည့်ခဲ့ပေမယ့် ​အဲဒီကိစ္စကို ​မသိဘူး ​လို့ဖြေပြီး ​သာသနာရေး ​ဦးစီးဌာနရဲ့ ​ကိစ္စသာဖြစ်တယ်လို့ ​ပြန်ဖြေကြားခဲ့ပါတယ်။

သာသနာညိုးနွမ်းစေမှုက ​ပုဒ်မ၂၉၅ ​(က) ​ဖြစ်ပြီးတော့ ​အဲ့ဒီပုဒ်မအရဆိုရင် ​ထောင်ဒဏ် ​အနည်းဆုံး(၃) ​လကနေ ​အများဆုံး ​(၂) ​နှစ်ကျခံရနိုင်တယ်လို့ ​ရှေ့နေ ​ဦးညီညီဘိုးလှိုင်က ​ပြောပါတယ်။

အင်းစိန်ထောင်ပို့ခံထားရတဲ့ ​သံဃာတော် ​(၅) ​ပါးကို ​လာမယ့် ​ဇွန်လ ​(၂၀) ​ရက်နေ့ကျရင် ​တာမွေမြို့နယ် ​တရားရုံးမှာ ​ရုံးထုတ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments: