မဇ္ဈိမ
ပြည်တွင်းဈေး ကွက်ရောက် စမတ်ဖုန်း သစ်တွေကို အပတ်စဉ် မိတ်ဆက် ခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့မြန်မာပြည်ဈေး ကွက်အတွက် သီးသန့် ထုတ်လုပ်တဲ့ be Tablet 10 ကိုဖော်ပြ ဖို့ရွေးချယ် ထားပါတယ်။ စစ်တမ်းတွေအရ ရုံးအလုပ်သမား တွေရဲ့ ၆၀ ရာခိုင်နှုန်းက စမတ်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် လိုနည်း ပညာပစ္စည်းတွေ ကိုတစ်ခုထက်ပိုပြီး အသုံးပြုတယ်လို့ ဆိုပါတယ်။ be Tablet ကရော တစ်ခုထက်ပိုတဲ့ စွမ်းဆောင်ရည် ဘာတွေပါဝင်မလဲ ကြည့်ရအောင်ပါ။
မျက်နှာပြင်အရွယ်အစားနဲ့ အရည်အသွေး
မျက်နှာပြင်အရွယ်အစားက ၁၀ ဒသမ ၁ လက်မ ရှိပါတယ်။ IPS Touch screen အသုံးပြု ထားပါတယ်။ လက် ၁၀ချောင်းအထိ Multi touch ရပါတယ်။ ပုံရိပ် အရည်အသွေးက 1280x800 ရှိပါတယ်။ IPS မျက်နှာပြင်ပေါ်မှာ အကောင်း ဆုံးပုံရိပ်တွေတွေ့မြင် ခံစားနိုင်မယ်လို့ ဆိုပါတယ်။
ကီးဘုတ်နဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်
အချို့တက်ဘလက်တွေမှာလည်း ကီးဘုတ်နဲ့ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီတက်ဘလက်က ကီးဘုတ်နဲ့ ချိတ်ဆက် တဲ့နေရာမှာ Bluetooth တစ်ခု တည်းမဟုတ် ပါဘူး။ ကီးဘုတ်နဲ့ တက်ဘလက်ကို တိုက်ရိုက် ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။ ကီးဘုတ်နဲ့ ချိတ်ဆက်ထား ချိန်မှာတောင် Bluetooth စနစ် အသုံးပြုနိုင်တာက အားသာချက်ပါပဲ။ Laptop တစ်လုံးလို အသုံးပြုနိုင်တဲ့အတွက် ဒီတက်ဘလက်ကို 2 in 1 တက်ဘလက်ပါပဲ။
ကင်မရာအရည်အသွေး
ကင်မရာအရည်အသွေး 5MP ပါဝင်ပါတယ်။ ရှေ့ကင်မရာက 2MP ပါ။ ကင်မရာ အရည်အသွေး ကတော့ အသင့်အတင့် ပါပဲ။ တက်ဘလတ် တစ်လုံး မှာတော့ လုံလောက်ပါတယ်။
ဘက်ထရီအရည်အသွေး
Lithium-ion 3.7 V/ 7800 mAh ဘက်ထရီကို အသုံးပြု ထားပါတယ်။ ပုံမှန် အားဖြင့် ၆ နာရီကနေ ၈ နာရီအကြား အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အခြေခံ အသုံးပြုမှု အတွက်တော့ ၁၀ နာရီ ၀န်းကျင်လောက် အသုံးပြုနိုင်ပါလိမ့်မယ်။
အခြားစွမ်းဆောင်ရည်များ
Windows တရားဝင် ဗားရှင်း 8.1 ကို ထည့်သွင်းပေးထားပါတယ်။ တရားဝင်ဗားရှင်းဖြစ်တဲ့အတွက် လုံခြုံရေး စနစ်တွေကအစWindows ရဲ့ဝန်ဆောင် မှုတွေ အပြည့်အ၀ ရနိုင်မှာပါ။ ဆင်းမ်ကတ်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။3Gစနစ်ကို အထောက်အပံ့ပေးပါတယ်။ RAM က2GB ပါ။ ဖုန်းအတွင်း သိုမှီးနိုင်မှု ပမာဏ က 32GB ဖြစ်ပြီး External Hard Disk တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
အလေးချိန်က ၁ ဒသမ ၃၉ပေါင်ပဲလေးတဲ့အတွက် Laptop တစ်လုံးသယ်မသွားချင်တဲ့ သူတွေအတွက် အံကိုက်ပါပဲ။ ဒါတွေအပြင် Cloud သိုလှောင် မှုပမာဏ 1TB ကို တစ်နှစ်စာ အခမဲ့ပေး ထားပါတယ်။ Touch Pen နဲ့လည်း အသုံးပြုနိုင် ပါသေးတယ်။ ဒီတက်ဘလက် ကိုမြန်မာပြည်ရဲ့ ပထမဆုံး OEM ပရော့ဂျက် အနေနဲ့ မိုက်ကရိုဆော့ဖ် နဲ့ အင်တဲလ်တို့က ပူးပေါင်း ထုတ်လုပ် တာဖြစ်ပြီး KMD ကုမ္ပဏီက တရားဝင် ထုတ်လုပ်ဖြန့်ချိ တာပါ။
တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၅၉ ဒေါ်လာ နဲ့ ၂၉၉ ဒေါ်လာနှစ်မျိုး သတ်မှတ် ထားပါတယ်။ ၂၅၉ ဒေါ်လာမှာတော့ ကီးဘုတ်နဲ့ 3G ကွန်ရက် အထောက် အပံ့ပေးမှာ မဟုတ်ပါဘူး။ မတ်လ ၁၀ ရက်ကနေ ၁၇ရက်အထိ မှာကြိုတင်မှာယူနိုင် မှာဖြစ်ပြီး ဒီကာလ အတွင်းမှာယူတဲ့ သူတွေကို အမေရိ ကန်ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ Skype,McAfee Antivirus,Microsoft Office 365 နဲ့ Online storage တစ်နှစ်စာ လိုင်စင်ဗားရှင်းတွေပြန်ပေးသွားမယ်လို့ KMD ကုမ္ပဏီက ထုတ်ပြန် ထားပါတယ်။ Be Tablet 10 ကပြည်တွင်းဈေးကွက်မှာ ဘယ်လောက်နေရာ ယူမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
No comments:
Post a Comment