ကျော်စိုးမိုး
လမ်းလယ်ကျွန်းကို ပတ်ကွေ့မောင်းနှင်သည့် ယာဉ်တစ်စီးက ခရီးသည်တင် ဟိုင်းလတ် တစ်စီးကို ဝင်တိုက်မိ သဖြင့် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ သည့်ဖြစ်စဉ် တစ်ခု မတ် ၁၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။
ဖစ်စဉ်မှာ လှည်းကူးမြို့နယ်၊ သာယာ ကုန်းကျေးရွာ တွင်နေထိုင်သည့် အသက် ၆၃နှစ် အရွယ် ဦးပြည့်စိန်မောင်းနှင် လာသည့် JAC အမျိုးအစားယာဉ် တစ်စီး သည်လှည်းကူး မြို့နယ်၊ ဝါးနက်ကုန်းကျေးရွာ၊ လမ်းလယ်ကျွန်းအမှတ် (၁၈၃) အရောက်၊ လမ်းလယ်ကျွန်းကို ပတ်ကွေ့ ရန်ဖြတ် ထွက်စဉ် ရန်ကုန် - ပဲခူးလမ်း အတိုင်း မောင်းနှင်လာသည့် ပဲခူး - ရန်ကုန် - ကျိုက်ထိုပြေး ဆွဲနေသည့် အမှတ် (၆) ယာဉ်လိုင်းမှ ဟိုင်းလတ်ယာဉ် တစ်စီးကိုတိုက်မိ ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်မိ သဖြင့် ဟိုင်းလတ်ယာဉ်ပေါ်တွင် လိုက်ပါစီး နင်းလာသည့် ခရီးသည် အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ရှစ်ဦးတို့် ဒဏ်ရာ များရရှိပြီး လှည်းကူးဆေးရုံတွင် တက်ရောက်ကုသနေရပြီး၎င်းတို့အနက် အသက် ၅နှစ်အရွယ် မိန်းကလေးတစ်းဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ရဲမှတ်တမ်းများ တွင်ဖော်ပြ ထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ယာဉ်မဆင်မခြင်မောင်းနှင်သည့်ယာဉ်မောင်းဦးပြည့်စိန်ကို အရေးယူပေးပါရန်ရဲအုပ်စိုးထိုက်ဦးက တရားလိုပြု တိုင်တန်းပြီးလှည်း ကူးမြို့မရဲစခန်းက ယာဉ်(ပ) ၃၆/၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်း ထုတ်ပြန် ထားသည်။
No comments:
Post a Comment