ကျော်စိုးမိုး
ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ယာဉ်လေးစီး ဆင့်တိုက်မှု မတ်လ ၁၆ ရက် နံနက် ၁ နာရီ တွင် ဖြစ်ပွားခဲ့သဖြင့် လေးဦးဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ကုသမှုခံယူနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကမ်းနားလမ်းအတိုင်း ဆင်မလိုက်ဘက်မှ ကြည့်မြင်တိုင်ငါးဈေးဘက်သို့ မောင်းနှင်လာသည့် အမှတ် ၇၉ ယာဉ်လိုင်းမှ တိုယိုအေ့စ်အမျိုးအစား ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက် တွင် ရပ်ထားသည့် ဖီဒါအမျိုးအစားအငှားယာဉ်၊ ဟွန်ဒါဖစ်၊ တိုယိုတာခရောင်း၊ လိုက်ထရပ် အမျိုးအစား ကိုယ်ပိုင်ယာဉ်များသို့ ဝင်တိုက်ခဲ့ပြီးနောက် အဆိုပါ ခရီးသည်တင်ယာဉ်မှာ လမ်းဘေးသို့ တိမ်းမှောက်သွား ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိမ်းမှောက်သွားခဲ့သဖြင့် ခရီးသည် လေးဦး ဒဏ်ရာရရှိခဲ့ပြီး အတိုက်ခံရသည့် ယာဉ်ငါးစီးမှာ စုစုပေါင်းကျပ်သိန်း ၂၀ ခန့်ပျက်စီးဆုံးရှုံးခဲ့သည်။ အမှတ် ၁၇၉ ခရီးသည်တင် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ တိမ်းမှောက်ယာဉ်တွင် လိုက်ပါစီးနင်းလာသည့်ခရီးသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် တက်ရောက်ဆေးကုသမှုခံယူခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းကို အရေးယူပေးပါရန် ရဲအုပ်ကြည်မင်းထွေးက တရားလိုပြုတိုင်တန်းပြီး ကြည့်မြင်တိုင်မြို့မ ရဲစခန်းက ယာဉ် (ပ) ၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment