Sunday, March 1, 2015

Galaxy Core Prime ကို အွန်လိုင်း၌ ရောင်းမည်

Mizzima

Verizon က ဆမ်ဆောင်းထုတ်ကုန်ဖြစ်သည့် Galaxy Core Prime စမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၆ ရက်တွင် အွန်လိုင်း၌ ရောင်းချမည်ဟု CNET သတင်းတွင် ဖော်ပြထားသည်။

ယင်းစမတ်ဖုန်းတွင် Android OS ဗားရှင်း 4.4.4 KitKat ကို အသုံးပြုထားပြီး အရွယ် အစား ၄ ဒသမ ၅ လက်မရှိမည်ဟု CNET က ဖော်ပြထားသည်။

Quad-core 1.2 GHz Cortex-A53 CPU ကို အသုံးထားပြီး ဖုန်းအတွင်း သိုမှီးနိုင်မှုပမာဏ 8GB ရှိမည် ဖြစ်သည်။

ကင်မရာအရည်အသွေး 5MP ထည့် သွင်းထားပြီး ရှေ့ကင်မရာ 2MP ပါဝင်မည်ဟု CNET က ဆိုသည်။

ဖုန်းအတွင်းသိုမှီးနိုင်မှုကို 64GB အထိမြှင့်တင်အသုံးပြုနိုင်မည်ဖြစ်သည်။Li-Ion 2000 mAh ဘက်ထရီကို အသုံးပြုထားသည်။ မျက်နှာပြင်အရည်အသွေးသည် 480 x 800 pixels ရှိမည်ဖြစ်ပြီး ပုံရိပ်သိပ်သည်းဆ 207ppi ရှိမည်ဖြစ်သည်။ ဆမ်ဆောင်းက ၂ဝ၁၅ ခုနှစ်အတွင်း Galaxy A စီးရီးစမတ်ဖုန်းများကိုလည်း မိတ်ဆက်ခဲ့ သေးသည်။

No comments: