ခင်မြတ်မြတ်ဝေ
သင်္ကြန်ကာလ အတွင်း ဆေးဆိုင်များတွင် ကာမအားတိုးဆေးများ၊ လိင်စိတ်ကြွဆေးများ ၊ ကွန်ဒုံနှင် တားဆေးများကို ရောင်းချခွင့် မပြုခြင်းသည်မှာ သင်္ကြန်တွင် လိင်နှင့် ပတ်သက်သည့် ဆေးဝါးများကို အလွဲသုံးစာပြုလုပ်၍ မိန်ကလေးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်နိုင်၍ သင်္ကြန်ကာလတွင် ယာယီ တားမြစ်ထားခြင်းသာမြင်ကြောင်းဟု အောက်မြန်မာပြည် ဆေးသုတေသနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်က မဇ္ဈိမကို ပြောသည်။
"မီးဆိုတာ မလောင်းခင်တားရတာ။ ဆေးဝါးတွေရှိတော့ အလွဲသုံးစားလုပ်မှာဆိုးလို့ပါ ပိတ်တယ်ဆိုတာကလည်း ခေတ္တယာယီ ပိတ်တာထိန်းသိမ်းတဲ့ သဘောနဲ့ လုပ်တာပါ၊ အစိုးရ အနေနဲ့ သတ်မှတ်ချက် ဒေသန္တရအမိန့် ယာယီထုတ်တာပါ။ သင်္ကြန်ကို အခွင့်ကောင်းယူပြီး ငါ့မှာကွန်ဒုံးရှိတယ် စိတ်မပူနဲ့ ဆိုရင် ဘယ်လိုလုပ်မလဲ ပျက်စီးမှာ စိုးလို့ပါ"ဟု ၎င်းကပြောသည်။
သင်္ကြန်အတွင်း ဆေးဆိုင်များတွင် လိင်စိတ်ကြွဆေးများ နှင့် လိင်အားတိုးဆေးများ မရောင်းရန် လိင်ကိစ္စမှုခင်းများကို ထိန်းချုပ်နိုင်ရန် အထူးစီမံကိန်း အနေဖြင့် အာဏပိုင်များကို မတ်လမှစ၍ ဆေးဆိုင်များတွင် သတိပေး တားမြစ်ထား ခြင်းဖြစ်သည်။
ထိုသို့ တားမြစ်ရာတွင် ရပ်ကွက် အာဏပိုင်များနှင့် ရဲတပ်ဖွဲ့များမှ သန္ဓေတားဆေးများနှင့် သားဆက်ခြားဆေးများ ကွန်ဒုံးများကို သိမ်းယူခြင်းမျိုးများ ပါရှိနေသည်ဟု ဆေးပိုင်ရှင်များက ပြောသည်။
ဆေးဆိုင်များတွင် သန္ဓေတားဆေးနှင့် ကွန်ဒုံးများကို သင်္ကြန်ကာလအတွင်း ရောင်းချမှုကို ပိတ်သိမ်းလိုက်ပါက ပိုမိုအန္တရာယ်ရှိနိုင်သည်ဟု ကျန်းမားရေး ပညာပေးလုပ်ငန်း ဝန်ဆောင်မှု အဖွဲ့မှ DIC assistant မစန္ဒအေးက မဇ္ဈိမကို ပြောသည်။
"အလိုမျိုးဆို ပိုဆိုးသွားမှာပေါ့ သင်္ကြန်တွင်းက မူးရူးနေကြတာ အန္တရာယ်ရှိတယ်၊ ကွန်ဒုံးပါမရောင်းရင် ရောဂါကူးဆက်ကုန်မှာပေါ့။ ကျန်းမားရေး ရှုထောင့်က ကြည့်ရင်မကောင်းဘူးလို့မြင်တယ်၊ မိန်ကလေးတွေဆို မလိုးလားအပ်တဲ့ ကိုယ်ဝန်တွေ ရသွားနိုင်တယ်၊ HIV ကူးစက်ပိုးကို ကြိုဆိုနေသလို ဖြစ်နေမှာပေါ့" ဟု ၎င်းကပြောသည်။
သင်္ကြန်ကာလအတွင်း ဆေးဆိုင်များတွင် ကာမအားတိုးဆေးများ၊ လိင်စိတ်ကြွဆေးများ မရောင်းရန် ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ခြင်း ဖြစ်သော်လည်း ကွန်ဒုံနှင့် တားဆေးများကိုမူ မြို့နယ်အလိုက် လိုက်လံ သတိပေးတားမြစ်သည့် ဌာနဆိုင်ရာများ နှင့် အာဏာပိုင်များက တားမြစ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment