DVB
ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်က မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ ပြန်လည် တည်ဆောက်တာတွေကို မိုးရာသီ မတိုင်မီ အပြီး ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေ က ပြောပါတယ်။
ဧပြီ ၁၁ ရက်က ထိုင်းဗိုလ်မှူးချုပ် နိုဖောန်းရမ်ကျန့် သွားရောက် စစ်ဆေးပြီး မိုးရာသီမတိုင်မီ နေအိမ်အတွေ အပြီး ဆောက်သွားဖို့ ညွန်ကြားခဲ့တာ ဖြစ်ပါတယ်။
“မီးလောင်ခံရတဲ့ ဒုက္ခသည်တွေအတွက် နေအိမ်တွေပြန်ဆောက်နိုင်ဖို့ လိုအပ်တဲ့ သစ် ဝါးတွေ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ပေးမယ်။ မြေကွက်တွေဖော် မဲနိုက်ပြီး နေရာချသွားပေးမယ်၊ ဒုက္ခသည်တွေအနေနဲ့ ကိုယ့်အိမ်ကိုပြန်ရင်ပြန် မပြန်ရင် အသစ်ပြန်ဆောက်ရမယ်။ ဒီလုပ်ငန်းတွေကို မိုးရာသီမစခင်မှာ အပြီးဆောင်ရွက်ရမယ်” လို့ သူက ပြောပါတယ်။”
ဆောက်လုပ်ရေးပိုင်းမှာတော့ စခန်းတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂတို့ ညှိနှိုင်းပြီး ကိုယ်ဘာသာ တည်ဆောက်ရာမှာ ဖြစ်သလို လက်ရှိ ဒုက္ခသည်တွေကိုတော့ ယာယီတဲတွေနဲ့နေရာ ချထားပေးပါတယ်။
ဧပြီ ၇ ရက်က ကရင်နီဒုက္ခသည်စခန်းမှာ မီးလောင်တဲ့ အတွက် နေအိမ် အလုံး ၁၅၀ ကျော် ပါသွားပြီး လူပေါင်း ၆၀၀ ကျော် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။

No comments:
Post a Comment