Wednesday, April 8, 2015

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲအတွက် စပွန်ဆာပေးမည့်သူ မရှိဖြစ်နေ

ရဲရင့်ဋ္ဌေး

ယခုနှစ်ဘောလုံးရာသီတွင် ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ကူညီပံ့ပိုးမည်သူ မရှိဖြစ်နေပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စပွန်ဆာရှာဖွေလျက်ရှိနေသည်။

ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းပြိုင်ပွဲအတွက် စပွန်ဆာ ရှာဖွေနေပါတယ်။ စပွန်ဆာရမှ ဆုကြေးတွေကို ကြေငြာ မှာပါ။ ပြိုင်ပွဲအမည်ကိုတော့ ပြောင်းဖို့မရှိပါဘူး” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြောသည်။

၂၀၁၅ ဘောလုံးရာသီတွင် ကျင်းပမည့် ရှုံးထွက်ပြိုင်ပွဲသည် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသောကြာင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်အသင်း ၁၂သင်း၊ မြန်မာနေရှင်နယ်လိဂ်-၂ မှ ၁၀ သင်း စုစုပေါင်း ၂၂သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်-၂ မှအသင်း ၁၀သင်းနှင့် တန်းတက်အသင်း နှစ်သင်း ၁၂သင်းစတင်ကစားရမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်အသင်းများ ပါဝင်ကစားမည်။ မြန်မာနေရှင်နယ်လိဂ်တွင် ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ခုနှစ်၌ စတင်ကျင်းပခဲ့ပြီး Grand Royal ၊ Digicle၊ ဧရာဝတီဘဏ်၊ အူရီဒူး တို့မှ စပွန်ဆာပေးခဲ့သည်။

No comments: