ဇော်ဝင်း
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကားတစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ လူနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။
ယင်းကားသည် ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင်ကျေးရွာအနီးတွင် ဧပြီလ ၅ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်ရှေ့က မောင်းသွားတဲ့ကားပါ။ အကွေ့မှာ အရှိန်လွန်ပြီး တိမ်းမှောက်သွားတာ ဖြစ်ပါတယ်” ဟု မျက်မြင်တစ်ဦးဖြစ်သူဦးကျော်သန်းက ပြောသည်။
၎င်းကားမှာ လုပ်ငန်းခွင်သုံးကားဖြစ်ပြီး ပြည်တော်စည်ကုမ္ပဏီပိုင်ကားဖြစ်သည်။
ကျောက်ပြောက်ကျေးရွာမှ ကျောက်ကြိတ် လုပ်ငန်းသိမ်း၍ ကျောက်ကြိတ်စက်ကို တင်ဆောင်ပြီး ကျောက်ဖြူမြို့သို့ မောင်းနှင်လာစဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ကားပေါ်တွင် ဒရိုင်ဘာ အပါအ၀င် လူသုံးဦးပါလာရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာမျက်နှာကို ကားမှန်စထိုး၍ ပေါက်ပြဲဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
ဒရိုင်ဘာလည်း ဒဏ်ရာ ရရှိသွားပြီး ဗိုက်အောင့်နေသည်ဟု သိရသည်။
၎င်းကားမှာ လမ်းမပေါ်တွင် ကန့်လန့်ဖြတ်တိမ်းမှောက်ခဲ့သောကြောင့် လမ်းပိတ်သွားကာ နာရီအနည်းငယ်ခန့် ကားအသွားအလာများပိတ်ဆို့သွားခဲ့သည်ဟု သိရသည်။

No comments:
Post a Comment