Friday, April 10, 2015

အင်ဒိုနီးရှားတွင် ထိန်းသိမ်း ခံမြန်မာရေ လုပ်သားများ ခိုးမှု ကျူးလွန်ခြင်း ၊ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွား တို့ကြောင့် ဖမ်းဆီးထားဟုဆို

ယုဝေ

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနားကျွန်းပေါ်တွင် ထိန်းသိမ်း ခံထားရ သည့်မြန်မာ လုပ်သား များသည် ခိုးမှုကျူး လွန်ခြင်း ၊ဒေသခံ များနှင့်ခိုက် ရန်ဖြစ် ပွားခြင်း တို့ကြောင့် ဖမ်းဆီး ထားခြင်းဖြစ် သည်ဟု ၄င်းတို့ကို ကယ်တင်ရန် သွားရောက် သည့်ရှေ့ပြေး ကိုယ်စားလှယ် အဖွဲ့ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ကပြော ဆိုခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ခင်မောင်လှက မဇ္ဈိမ ကိုပြောသည်။

အင်ဒိုနီးရှားနိုင်ငံဘန်ဂျီးနားကျွန်း တွင်မြန်မာနိုင်ငံသားများသည် ကိုယ်ပိုင်အချုပ်ခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ပြီး အင်ဒိုနီရှားနိုင်ငံမြန်မာ သံရုံး၊ အင်ဒိုနီရှားနိုင်ငံ IOM ၊မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဧပြီ ၆ ရက်က ယင်းဖြစ်ရပ်များကို စုံးစမ်းရန် သွားရောက်ခဲ့ပြီးနောက် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒုရဲမှူးကြီး ခင်မောင်လှက “ သူတို့ ဥပဒေနဲ့ ဒါကပြစ်မှုမြောက် မမြောက်တော့ စုံစမ်းနေ တုန်းပါပဲ။ရှေ့ပြေး စုံးစမ်းတဲ့ အဖွဲ့ က လူဦးရေ ဘယ်လောက် ရှိတယ် စတဲ့ အချက်တွေ သိရရင် ကိုယ်စားလှယ် အဖွဲ့ထပ်လွတ်ပြီး ကယ်တင်မှာပါ” ဟုပြောသည်။

လူကုန်ကူးခံရသူများကို သက်ဆိုင်ရာအစိုးရ ကကယ်တင် ရန်စီစဉ်နေစဉ် ကာလအတွင်း အင်ဒိုနီရှားနိုင်ငံ အစိုးရကလူကုန်ကူး ခံရသူများ၏ လုံခြုံရေး အတွက် စိတ်ချရသည့် ကအန်ဘွန်ကျွန်းသို့ သို့ သဘောင်္ခြောက်စင်းဖြင့် ပို့ဆောင်ပေး ခဲ့ပြီးဖြစ်သည်။

ရှေ့ပြေး အဖွဲ့၏ စုံစမ်း စစ်ဆေးမှု များပြီးစီပါက ကယ်ဆယ်ရေး အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာမြန်မာ သံရုံးက ဦးစီးရေး ဆွဲမည်ဖြစ်ပြီး လူဝင်မှုကြီး ကြပ်ရေး ဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန တို့မှ တစ်ဦးစီနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှနှစ်ဦး စသူတို့ပါဝင်သောမြန်မာ ကိုယ်စားလှယ် အဖွဲ့က သွားရောက်ကယ်တင်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနားရွာသို့ ထိုင်းနိုင်ငံမှ တစ်ဆင့်လူကုန် ကူးခံရ သည့်မြန်မာ လုပ်သားများ သည်မြန်မာနိုင်ငံ သားဖြစ်ကြောင်း သက်သေခံ အထောက် အထားများဖျောက် ဖျက်ခံခဲ့ရပြီး အတင်း အဓမ္မစေ ခိုင်းခံနေ ရသည်ကို AP သတင်းဌာန တွင်ဖော်ပြ ထားခဲ့သည်။မြန်မာ လုပ်သား များသည့် အလုပ်ချိန် နာရီ ၂၀ နှင့်အထက် အလုပ်လုပ်နေ ရပြီး မသန့်ရှင်းသောက်ရေ များသောက်သုံးနေရ သည့်အပြင် အဆိပ်ရှိ လိပ်ကျောက်မြီးနှင့် အရိုက်ခံရခြင်း၊ ကန်ကျောက် ခံ ရခြင်းတို့ ကြုံတွေ့နေ ရသည်ဟု AP ကရေး သားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ရှိနေနိုင်သည်ဟု ဒုရဲမှူးကြီး ခင်မောင်လှက ဆိုသည်။

No comments: