Tuesday, April 14, 2015

ပုလင်းခွံကောက်သည့် ကလေးများ သင်္ကြန်ကာလ ၀င်ငွေတိုးရန် မျှော်လင့်

DVB

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့က ရေသန့်ဗူးနဲ့ ပုလင်းခွံကောက်တဲ့ လူငယ်တွေ တနေ့ ၁ သောင်းခွဲ ၀င်ငွေ ရရှိဖို့ မျှော်လင့်နေတယ်လို့ ပုလင်းခွံကောက်တဲ့ လူငယ်တွေက ပြောပါတယ်။

ရန်ကုန်မြို့က ရေသန့်ဘူးနဲ့ ပုလင်းခွံကောက်တဲ့လူငယ်တွေအတွက် သင်္ကြန်ကာလဟာ တနှစ်တာအတွင်း ဝင်ငွေအများဆုံး ရရှိတဲ့ကာလ ဖြစ်ပါတယ်။

“ဒီနှစ်အနည်းဆုံးတရက်ကို ၁ သောင်းခွဲပဲ၊ ၄ ရက်ဆိုရင်တော့ အနည်းဆုံးတော့ ၁ သိန်းပဲ” လို့ ပုလင်းခွံကောက်တဲ့ လူငယ်တဦးက ပြောပါတယ်။

ရေသန့်ဘူးနဲ့ ပုလင်းခွံကို သင်္ကြန်မတိုင်မီ တရက်အလိုတည်းက စတင်ကောက်ရသလို ရန်ကုန်မြို့က အစည်ကားဆုံးနေရာတွေ ဖြစ်တဲ့ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်း စတဲ့နေရာတွေက မဏ္ဍာပ်တွေနားမှာ ပုလင်းခွံ ကောက်ကြတာ ဖြစ်ပါတယ်။

ကောက်လို့ ရတဲ့ ပုလင်းခွံအများစုဟာ အရက်ဘီယာနဲ့ ရေသန့်ဘူးခွံတွေ ဖြစ်ပါတယ်။ မနှစ်က ရေသန့်ဗူးနဲ့ ပုလင်းခွံကောက်တဲ့ကလေးတွေ သင်္ကြန်ကာလအပြီးမှာ တဦးကို ၁ သိန်းကျော် အထိ ရရှိခဲ့တယ်လို့ ပုလင်းခွံကောက်တဲ့လူငယ်တွေက ပြောပါတယ်။

No comments: