မဇ္ဈိမ
မဲဆောက်-မြဝတီ နယ်စပ်ဖြတ်ကျော် ပိုက်လိုင်းနှင့်မြစ်ကူးဆီတင် သင်္ဘောများဖြင့် မြန်မာနိုင်ငံသို့ စက်သုံးဆီ တရားဝင်ရောင်းချနိုင်ရန် ထိုင်းဘက်က စီစဉ်နေ သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ ကဖော်ပြ ထားသည်။
အဆိုပါ ကိစ္စရပ်အတွက် အစည်းအဝေးတစ်ရပ်ကို ဧပြီ ၉ ရက်က တက်ခ်ခရိုင်၌ အစည်းအဝေးပြု လုပ်ခဲ့ ပြီး ထိုင်းစစ်တပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆာသစ်ဖီသာ ရက်၊ တက်ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊ စွမ်းအင် စီးပွားရေး ဌာန၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ထိုင်းအစိုးရ ဌာနတို့ ပါဝင်ခဲ့ကာ သဘောတူညီချက် ရရှိခဲ့သည်။
သဘောတူညီချက်အရ မဲဆောက်မှ မြဝတီသို့ တရားဝင် စက်သုံးဆီ တင်ပို့ရန် ပို့ကုန်ခွင့်ပြုချက် ထုတ်ပေးမည်ဖြစ် ပြီးမြစ်ဖြတ်ပိုက် လိုင်းနှင့်မြစ်ကူး သင်္ဘော များဖြင့် တင်ပို့နိုင် မည်ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့ရောင်း ချရာတွင် ပို့ကုန် ခွင့်ပြုချက် ရရှိသူ များသာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ကိုဖြတ်သန်း တင်ပို့နိုင်ပြီးထို သို့တင်ပို့ရာ၌ အသုံးပြုသော ကားများမှာ ၂၅ တန်သာ တင်ဆောင်နိုင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့သော ပိုက်လိုင်း ဘေးကင်းလုံခြုံရေးအတွက် ထိုင်း စွမ်းအင်စီးပွားရေး ဌာနမှ ဦးစီး စီမံဆောင်ရွက် မည်ဖြစ် သည်။မြန် မာနိုင်ငံတောင်ပိုင်း အပါအဝင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ အတွက်ပါ ထိုင်းနိုင်ငံမှ စက်သုံးဆီ တင်သွင်းမှုက အရေးပါနေသည်။
မတ်လ ၂၄ရက်၌ ထိုင်းရဲက မြန်မာနိုင်ငံသို့ တင်သွင်းမည့် စက်သုံးဆီကား အစီး ၄၀ ကိုတားဆီး ခဲ့ခြင်းကြောင့် ကရင်ပြည်နယ်ရှိ နယ်ခြားစောင့် တပ်ကသောင် ရင်းမြစ် တစ်လျှောက်ရှိ သင်္ဘောဆိပ် ၂၃ ဆိပ်ကို ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံဌာနများ ညှိနှိုင်းမှုကြောင့် ပြန်လည်ပြေလည်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment