ABC
လက်ပံတန်းမြို့ ပင်မ ကျောင်းသား သပိတ် လူစုခွဲမှုအတွင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို လွတ်ပေးဖို့ မကွေးမြို့မှာ တောင်းဆိုကြပါတယ်။
မကွေးမြို့က ဗကသ ကျောင်းသားတွေနဲ့ ထောက်ခံ သူတွေက ဒီကနေ့ ဆန္ဒပြတာ ဖြစ်ပါတယ်။
ဖမ်းဆီးထားသူတွေကို လွတ်ပေးဖို့အပြင်၊ အမျိုးသား ပညာရေး ဥပဒေ ဆွေးနွေးပွဲအတွင်း ပြောဆို ပေးခဲ့တဲ့ ကတိတွေကို ထိန်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အခုလောလောဆယ် လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူတွေကို လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ထပ်မံ ရုံးထုတ်ခဲ့ပါတယ်။
ဒါ့အပြင် သပိတ်လွန်နောက်ပိုင်းမှာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မပိုပိုအောင်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အခုအချိန်အထိတော့ ဖမ်းဝရမ်း ထုတ်ခံနေရတဲ့ ကျောင်းသား တချို့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ကျောင်းသားဘက်က မရပ်တည်ပဲ အစိုးရဘက်ကနေ ရပ်တည်သလားလို သတင်းထောက် တစ်ဦးက မေးတာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပါတယ်။
မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး NNER၊ ကျောင်းသား၊ လွှတ်တော်အပြင် အစိုးရတွေရဲ့ သဘောထားအတိုင်း လိုက်လုပ်မှာ မဟုတ်ပဲ ပြည်သူအတွက် အကောင်းဆုံးလို့ ယူဆတဲ့ အချက်ကိုသာ ထောက်ခံမယ်လို့ ပြောသွားခဲ့ပါတယ်။

No comments:
Post a Comment