Monday, April 13, 2015

HOME က လူငယ် လူရွှင်တော်များ ခေါ်ယူ

ပန်းမြတ်ဇော်

HOME (House Of Media & Entertainment) ကမြန်မာ့ ရုပ်မြင်သံကြား အငြိမ့်ခန်းများ တွင်ဖျော်ဖြေရန်နှင့်မြန်မာ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ များတွင် ပါဝင်ရန် လူငယ် လူရွှင်တော် များခေါ်ယူနေပြီး ဧပြီ ၃၀ ရက်နောက်ဆုံး ထားခေါ်ယူမည်ဖြစ်သည်။

"အဓိက က မြန်မာ့ ရုပ်မြင်သံကြား အငြိမ့်ခန်းတွေနဲ့ မြန်မာ့ရုပ်မြင်သံကြားက ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင် ဖို့ အတွက် ခေါ်ယူတာပါ။ လူငယ် လူရွှင်တော်တွေကို ဦးစားပေးပြီး ခေါ်ယူ သွားမှာပါ။ အတွေ့ အကြုံ ရှိတဲ့ လူငယ် လူရွှင်တော် တွေလည်း လျှောက်ထားနိုင်ပါတယ်" ဟု HOME မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါ အစီအစဉ် အတွက် လျှောက်လွှာများကို လူဦးရေ ကန့်သတ် ထားခြင်း မရှိသလို အတွေ့ အကြုံ မရှိသေးသော လူငယ်လူရွှင်တော် အသစ် များ ၀င်ရောက်လျှောက် ထားနိုင်ပြီး လက်တွေ့ ပါဝင် သရုပ်ဆောင်နိုင်ရန် သင်ကြားပေး မည်ဖြစ်သည်။

အသက်အရွယ် ကန့်သတ် မထားသည့် အတွက် စိတ်ပါဝင် စားသူများ အနေဖြင့် ဗိုလ်အောင်ကျော်လမ်း ( အောက်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်တွင် ရှိ သည့် HOME(House Of Media & Entertainment) သို့ ဧပြီ ၃၀ ရက် နောက်ဆုံးထား လျှောက်ထား ရမည် ဖြစ်သည်။

HOME(House Of Media & Entertainment) မှ လူငယ် လူရွှင်တော်ခေါ်ယူခြင်း အပြင် HOME ARTS အနုပညာ သင်တန်း ဒုတိယ အပတ်စဉ် အတွက် သင် တန်းသားသစ်များ စတင် လျှောက်ထား နိုင်ပြီ ဖြစ်သည်။


ပထမ သင်တန်း အပတ်စဉ် မှ HOME ARTS သင်တန်းသားများ ပါဝင် သရုပ်ဆောင်ထားသည့် လိပ်ပြာ အမည် ရှိ ဗီဒီယို ဇာတ်ကားသစ်ကို HOME( House Of Media & Entertainment) မှ ရိုက်ကူးပြီးစီး ခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ဆင်ဆာ တင်ရန် ဆောင်ရွက်နေပြီ ဖြစ်သည်။

No comments: