Monday, April 13, 2015

သင်္ကြန်တွင်း ရန်ကုန်မြို့ လမ်းမအချို့ တစ်လမ်းမောင်းစနစ်လုပ်မည်

မဇ္ဈိမ

သင်္ကြန်ကာလ ဧပြီ ၁၂ရက်မှ ၁၆ရက်အတွင်း ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များသည့် လမ်းများ၊ လူစည်ကားသည့် လမ်းအချို့ကို တစ်လမ်းမောင်းစနစ် ပြုလုပ်မည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုင်ငံပိုင် သတင်းစာကို ပြောကြားထားသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်း (ပါရမီလမ်းဆုံမှ ကုက္ကိုင်းလမ်းဆုံ)၊ စက်မှု (၁)လမ်း (ဆရာစံလမ်းမှ ကမ္ဘာအေးဘုရားလမ်းဆုံ)၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်း)၊ ကန်တော်ကြီးပတ်လမ်းတို့ကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်မည်ဟု ဖြစ်သည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ရှိသမျှ အားလုံးကို အသုံးပြုသွားမည်ဖြစ်ပြီး ပွိုင့်များ နှင့် လမ်းဆုံများတွင် ဆိုင်ကယ်စီး အဖွဲ့များထားရှိမည်ဖြစ်သည်။ ကရိန်းကားများကိုလည်း ပြည်လမ်းဆုံ နေရာ ခုနှစ်ခုတွင် ထားရှိမည်ဟုဆိုသည်။ ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ တွေ့ရှိပါကလည်း ပြည်သူများအနေဖြင့် ဖုန်း ၀၁-၂၉၁၂၈၅၊ ၀၁-၂၉၂၂၇၂တို့ကို ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

No comments: