ဘုန်းမြတ်
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ပိုင် လှော်ကားတွင် အမေရိကန် ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိ နေ့စဉ် တန် ၆၀ ကျ အမှိုက်မီးရှို့ စက်ရုံကို ဂျပန် အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)တို့ ပူးပေါင်းတည်ဆောက် သွားမည် ဖြစ်ကြောင်း သိရ သည်။
“ရန်ကုန်မြို့တော်ရဲ့ လက်ရှိ အမှိုက်စွန့်ပစ်မှု စနစ်က မြေပေါ် စုပုံစွန့်ပစ်တဲ့ စနစ်ကို အသုံ;ပြုပြီး ဆောင်ရွက်နေတာကြောင့် ပတ် ၀န်းကျင် ညစ်ညမ်းမှုကို ဖြစ်စေတယ်။ မြေနေရာများစွာကို အသုံးပြုနေရခြင်း ဖြစ်တဲ့အတွက် အသုံးပြု မြေဧက ဆုံရှုံးမှု မဖြစ်ဖို့ အမိုက် မီးရှို့စက် တည်ဆောက်လိုပါတယ်’’ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဧပြီ ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တွင် ပြောဆိုခဲ့သည်။
ယင်းစီမံကိန်းကို ယခုနှစ် ဇူလိုင်၊ သြဂုတ် လပိုင်းတွင် စတင်မည်ဖြစ်ကြောင်း၊ အစောဆုံး ဇွန်လပိုင်းတွင် စတင်နိုင်ရန် ရည်ရွယ် ထားကြောင်းလည်း သိရသည်။
အမှိုက်မီးရှို့စက်ရုံကို ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၈ သန်း၊ YCDC က ဒေါ်လာ ၈သန်း ထည့်ဝင်ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းအမှိုက် မီးရှိုစက်မှ နေ့စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၇၀၀ ထုတ်လုပ်မည် ဖြစ်ပြီး ကီလိုဝပ် ၄၀၀ ကို အမှိုက်မီးရှို့စက်ရုံ လည်ပတ်ရန် အသုံးပြု သွားမည်ဖြစ်ကြောင်းလည်း ဦးလှမြင့်က ပြော သည်။
အလားတူ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ထားဝယ်ချောင် စွန့်ပစ်အမှိုက်ပုံမှ နေ့စဉ် အမှိုက်တန် ၆၀၀ ကို အမှိုက်မီးရှို့ စက်ရုံတည် ဆောက်ရန်အတွက် ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ တခုဖြစ်သော Zeya Associate ကုမ္ပဏီနှင့် YCDC တို့ ပူးပေါင်းပြီး လျှပ်စစ် ဓာတ် အား ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး ဌာနမှ သိရ သည်။
ထို့အပြင် လှိုင်သာယာမြို့နယ် ထိန်ပင် စွန့်ပစ်အမှိုက်ပုံရှိ နေ့စဉ် အမှိုက်တန်ချိန် ၈၀၀ တန်ကို အမှိုက်က လျှပ်စစ် ဓာတ်အား ထုတ် ယူနိုင်သော စနစ်(Land Fill Gas System) ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်ယူမည့် စီမံကိန်းကို ကိုရီးယား ကုမ္ပဏီဖြစ်သည့် Gsasson International Korea Limited နှင့် ချိန်ဆက်ဆောင်ရွက် လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။
“ထိန်ပင်နဲ့ ထားဝယ်ချောင် စီမံကိန်းက စလို့တော့ ရနေပြီ။ ဒါပေမယ့် ဒီစက်ရုံ တည်ဆောက်ပြီးတဲ့ အခါ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ် အား ကို လျှပ်စစ်ဓာတ်အား ၀န်ကြီးဌာနက ၀ယ်ယူဖို့ လျှပ်စစ်ဝယ်ယူမှု သဘောတူညီချက် (Power Purchase Agreement) ကို စောင့်နေပါတယ်”ဟုလည်း ၄င်းက ဆက်ပြောသည်။

No comments:
Post a Comment