Wednesday, April 8, 2015

Opera ဝက်ဆိုက်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဝက်ဘ်ဆိုက် ပိုမိုအသုံးပြုနိုင်ရေး ကူညီမည်

Mizzima

မြန်မာနိုင်ငံ၏ ချဲ့ထွင်နေသော စမတ်ဖုန်းဈေးကွက်နှင့် ကြီးထွားလာသော အင်တာနက်အသုံးပြုမှု လုပ်ငန်းတို့တွင် အမှန်တကယ် အလားအလာရှိသည်ဟု ကမ္ဘာလုံးဆိုင်ရာ ဝက်ဘ်ဆိုက် ဘရောက်ဇာ လုပ်ငန်းတွင် တက်ကြွစွာလုပ်ကိုင်လျက်ရှိသော Opera က ရှုမြင်လျက်ရှိသည်ဟု အွန်လိုင်းသတင်း ဝက်ဘ်ဆိုက် Tech in Asia က ဧပြီ ၂ တွင် ပြောကြားခဲ့သည်။

ပေါ်ထွန်းစ ဈေးကွက်အတွက် ရှေ့ဆောင်ရှေ့ရွက်အစီအစဉ် တစ်ခုတွင် ပါဝင်ရန် Opera သည်လွန်ခဲ့သည့် သီတင်းပတ်က ရန်ကုန်သို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။

Tech in Asia နှင့် Opera တို့က လက်ခံပြုလုပ်သော ပူးတွဲအစည်းအဝေး တစ်ခုတွင် Opera Coast ၏ ထုတ်ကုန်မန်နေဂျာ မစ္စတာ ဟူးအစ်ကလိန်းဟောက်က မြန်မာသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဈေးကွက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြီးထွားလာသည့် ဈေးကွက်တွင် ပါဝင်ရန် Opera က လိုလားနေသည်။ ၎င်း၏ ပြောကြားချက်အရ မြန်မာလူဦးရေ၏ ငါးရာခိုင်နှုန်းသာ အွန်လိုင်းပေါ်တွင်ရှိနေပြီး ၎င်းတို့အနက် ၄၈ ရာခိုင်နှုန်းသာ 3G နှင့် 4G ဘရော့ဒ်ဘန် ဆက်သွယ်မှုရသည်။

လွန်ခဲ့သည့်နှစ်က ကာတာမှ အူရီဒူးနှင့် နော်ဝေမှ တယ်လီနောတို့ ဈေးကွက်အတွင်း ဝင်ရောက်လာပြီး အမေရိကန် ၁ဒသမ ၅ ဒေါ်လာနှုန်းဖြင့် 3G ကွန်ရက်ရအောင် ဆောင်ရွက်ပေးခဲ့သည်။ ၄င်းကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ပြသနာကို လျော့ပါးစေရန် ဆဲလ်တာဝါကွန်ရက်ကို တည်ဆောက်လျက်ရှိသည်။

မဆက်သွယ်ရသေးသည်ကို ဆက်သွယ်ပေးရန် မြန်မာနိုင်ငံကို လာခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ ကလိန်းဟောက်နှင့် တောင်အာရှ ဆက်သွယ်ရေး အထူးကျွမ်းကျင်သူ ဂျက်စမင်ဂီးလ်တို့က ပြောကြားခဲ့သည်။

မြန်မာသည် တာထွက်နောက်ကျသော်လည်း တောင်အာရှရှိ ပေါ်ထွန်းစ ဈေးကွက်များကို အမီလိုက်သင့်ကြောင်း ကလိန်းဟောက်က ပြောကြားခဲ့သည်။

အန်းဒရွိုက်နှင့် အိုင်အိုအက်စ်တို့အတွက် ကုမ္ပဏီ၏ မိုဘိုင်းဘရောက်ဇာ Opera Mini တွင် စုစုပေါင်းသုံးစွဲသူ သန်းပေါင်း ၃၅၀ ရှိနေပြီ ဖြစ်သည်။

Opera Mini သည် သုံးစွဲသူများ၏ မေတ္တာရပ်ခံချက်များကို Opera Mini ဆာဗာသို့ပေးပို့ကာ အချက်အလက်များကို လိုအပ်သလို ပြင်ဆင်သိုမှီးရန် ကူညီလျက်ရှိသည်။

No comments: