အိန္ဒိယ နိုင်ငံအရှေ့မြောက်ဘက်ဒေသ မီဇိုရမ်ပြည်နယ်သို့ လာရောက်နေထိုင်ကြသောမြန်မာနိုင်ငံသားများက မကောင်းမှု ဒုစရိုက် မျိုးစုံ ကျူးလွန်နေသောကြောင့် ပြည်နယ်တွင်းရှိ မြန်မာနိုင်ငံသားများ၏ အမည်စာရင်းများကို ကောက်ယူရန်လို အပ်ကြောင်း မီဇိုရမ်ပြည်နယ်အုပ်ချူပ်ရေးမှူး Governor MM Lakhera ကမနေ့ ကပြော ဆိုလိုက်သည်။အုပ်ချုပ်ရေးမှူးသည် ယခုလ ၁၅ ရက်နေ့ကဒေသတွင်းအသင်းတော်ဦးဆောင်သူများ Mizoram Kohhran Hruaitu Committee (MKHC)နှင့် ၄င်း ၏နေအိမ်တွင်တွေ့ဆုံစဉ်ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
အုပ်ချူပ်ရေးမှူး MM Lakhera က “ မြန်မာနိုင်ငံကနေ လာရောက်ကြတဲ့သူတွေကမီဇိုရမ်ပြည်နယ်မှာ မကောင်းမှုဒုစရိုက် မျိုး စုံကိုကျူးလွန် နေကြတာကြောင့်စိတ် ကသိကအောက်ဖြစ်ရပါတယ်၊ ရုပ်ချင်းဆင်တူမှုနဲ့ မီဇိုးဘာသာစကားကောင်းမွန် စွာ တတ်ကျွမ်းတာနဲ့ ဒီပြည်နယ်မှာသူတို့ထင်တိုင်းကျဲနေကြတာလုံးဝမှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး” ဆိုပြီးမီဇိုရမ်ပြည် နယ် အသင်းတော်ဦး ဆောင်သူများကိုပြောဆိုကြောင်းမီဇိုရမ်နေ့စဉ်ထုတ်သတင်း စာတွင်ဖော်ပြထားသည်။
ထို့ကြောင့် မီဇိုရမ်ပြည်နယ်သို့လာရောက်ကြသည့် မြန်မာနိုင်ငံသားများကိုထိန်းချူပ်ရန်နှင့် မီဇိုရမ်ပြည်နယ် အတွင်း ကျေးရွာတိုင်းတွင်မြန်မာနိုင်ငံသားများ ၏စာရင်းများကောက်ခံရန်လိုအပ်ကြောင်းသူကပြောဆိုခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်အုပ်ချူပ်ရေးမှူးက ယခင်ကာလများတွင် မြန်မာနိုင်ငံသားများအရေးနှင့်ပတ်သက်ပြီး ၀င်ရောက်ပြောဆို ခြင်းမရှိခဲ့ပေ။ ယခုအကြိမ်သည် မြန်မာနိုင်ငံသားများ၏အရေးနဲ့ပတ်သက်ပြီး သူ၏ပထမဦးဆုံးအကြိမ် ပြောဆိုခြင်းလည်း ခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်တွင် ယခုရပ်ပိုင်းအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်အသက်မပြည့်သည့် အမျိုးသမီးငယ်များ အး မုဒိမ်းကျင့်စော်ကားမှုများ မကြာခဏဖြစ်ပွားလျက်ရှိအပေါ် စိတ်မကောင်းဝမ်းနည်းမိကြောင်း မီဇိုရမ်ပြည်နယ်အုပ်ချူပ် ရေးမှူးကဆက်ပြောသည်။
MKHC ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံသားအချို့သည် မီဇိုးမျိုးနွယ်စုများဖြစ်ကြကြောင်း၊ စစ်အာဏာရှင်စနစ် လက်အောက်တွင်နေထိုင်နေကြရ သည့်အတွက်ကြောင့် မီဇိုးပြည်သူလူထုကလည်း ၄င်းတို့ကို ကိုယ်ချင်းစာ သနားကြ ကြောင်း၊ သို့သော်လည်း မကောင်းမှုဒုစရိုက်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံသားများ၏စာရင်းများကောက်ခံမည်ဆိုပါ က သူတို့အနေ ဖြင့်သဘောတူကြောင်း အုပ်ချူပ်ရေးမှူးထံပြန်လည်ပြောဆိုခဲ့ကြသည်ဟုသိရသည်။
မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာသောမူးယစ်ဆေးဝါးအများစုသည် မြန်မာနိုင်ငံဘက်မှဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အသက်မပြည့်သည့်အမျိုးသမီးငယ်များအား ကိုယ်ထိလက်ရောက် စော်ကားမှု တွင်လည်း မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်မှုမကြာခဏရှိနေခဲ့သည်။
အစိုးရမဟုတ်သည့်စစ်တမ်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား တစ်သိန်း ၀န်းကျင်ခန့်လာရောက်နေထိုင်ကြပြီး အများစုမှာ ချင်းမျိုးနွယ်စုများဖြစ်ကြသည်။
No comments:
Post a Comment