Wednesday, December 22, 2010

ကျားဖြူနှင့် USDP အပြန်အလှန်တရားစွဲဖို့ပြင်ဆင်

သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီစုံညီ ညီလာခံ ကျင်းပပြီး နောက် ပိုင်း USDP ပါတီက ကျားဖြူပါတီကို အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကနေနှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာ စိုင်းခမ်း လိုင်က အနိုင်ရကျားဖြူပါတီအမတ် စိုင်းမွန်းကို သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ကထောက်ခံမဲ ပေးတယ်ဆိုပြီး တရားစွဲ ဆိုခဲ့တယ် ” ဟု ကျားဖြူပါတီ ဗဟိုကော်မတီဝင်တဦးကပြောသည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌစိုင်းဆောင်ဆီက-ကွန်ဟိန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ ပြည်နယ်လွှတ်တော် ၂ စိုင်းနုသည်လည်း ကြိုတင် မသမာမဲကြောင့်အနိုင်ရထားကြောင်း ကျားဖြူပါတီ ပြည်နယ်ွှတ်တော် ၂ ကိုယ်စားလှယ်လောင်း စိုင်းထွန်းကြည်တွင် သက်သေအထောက် အထားနှင့်တကွရှိသဖြင့် ပြန်လည်တရားစွဲရန် ရှိကြောင်း ပြောသည်။

“ကျားဖြူပါတီဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ မဆက်သွယ် ဘူး။ ရွေးကောက်ပွဲဥပဒေဘောင်ထဲကနေ ဘဲလှုပ်ရှား တဲ့ အတွက် ပြည်ခိုင်ဖြိုးဘက်ကသာ အထောက်အထား အချက်အလက် တွေနဲ့ပြည့်စုံပါစေ။ဖြေရှင်းဖို့ အဆင်သင့်ဘဲ” ဟု ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။

တရားစွဲဆိုမည့်ရက် အတိအကျမသိရသေးသော်လည်း ကျားဖြူပါတီ၏ ဥပဒေအကြံပေးအဖွဲ့ကအချက်အလက်များ စုဆောင်း နေ ကြောင်း စိုင်းဆောင်ဆီကပြောသည်။

USDP ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သျှမ်းပြည်တောင်ပိုင်းကျားဖြူပါတီ၏ အနိုင်ရ ပြည်နယ် လွှတ်တော် အမတ်စိုင်းမွန်းအား ပြည်ခိုင်ဖြိုးပါတီ ဒေါက်တာစိုင်းခမ်းလှိုင်မှ တရားစွဲသကဲ့သို့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကြံ့ဖွတ် ပါတီ လည်း အနိုင်ရကျားဖြူပါတီအား ထို့နည်းတူတရားစွဲဆိုထားသေးသည်ဟုဆိုသည်။

အောက်တိုဘာ ၁၇ ရက် ၂၀၁၀ ရွေးကောက်ပွဲမကျင်းပခင် လားရှိုးမြို့ ပါတီဝင်များနှင့် နေ့တွေ့ဆုံစဉ် -သျှမ်းပြည် မြောက်ပိုင်း အတွင်း ကျားဖြူပါတီအား အနိုင်ယူရန်မလွယ်ကူကြောင်း၊ ကျားဖြူအားသာသည့် လားရှိုးမြို့အတွင်း၌ပင် ပြည်ခိုင်ဖြိုး အနိုင်ရရန် ၅၀ ရာခိုင်နှုန်းကျော် နိုင်ဖွယ်မရှိကြောင်း သျှမ်းလူမျိုးအများဆုံးနေထိုင်သည့်အချို့မြို့နယ် များတွင် အနိုင်ရရန်ပို၍ပင်ခက်ခဲကြောင်း ပါတီဝင်များတင်ပြစဉ်ကလည်း - ၀န်ကြီးချုပ်ဦးသိန်းစိန်က -“ခင်ဗျားတို့ စိတ်မပူနဲ့ သူတို့တွေကို တရားမ၀င်လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ ပြောလိုက်ရုံဘဲ” - ဟု ကြိုတင်ပြောဆိုခဲ့သည့်သတင်းလည်းထွက်ပေါ်ခဲ့သည်။ ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော်သုံးရပ်အတွက် ၁၅၇ နေရာ ယှဉ်ပြိုင်ရာ ၅၇ ဦး အနိုင်ရရှိခဲ့ပါသည်။

No comments: