Thursday, December 30, 2010

ဘင်္ဂလာဒေခ်ျ့မှ မြန်မာ နယ်စပ် အနီးတွင် ခေတ်မှီ လေတပ် အခြေစိုက်

နိရဉ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်နှင့် ကပ်ရပ် တည်ရှိသော ဘင်္ဂလာဒေချ့်နိုင်ငံမှ ကော့ဘဇားမြို့တွင် ခေတ်မှီ လေတပ် အခြေစိုက် စခန်းတစ်ခုကို များမကြာမှီ တည်ဆောက်သွားမည်ဟု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

အဆိုပါ ပြောကြားချက်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်မှ ဆောင်းရာသီ လေတပ် လေ့ကျင့်ရေး အခမ်းအနား တစ်ခုသို့ တက်ရောက်စဉ် ဒီဇင်္ဘာလ ၂၇ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်မတို့နိုင်ငံရဲ့ ရေပြင်ပိုင်နက် နယ်နမိတ်နဲ့ တခြား စစ်ဘက်ဆိုင်ရာ အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ် စောင့် ရှောက် ဖို့အတွက် အဆင့်မှီ လေတပ်အခြေစိုက်စခန်း တစ်ခုကို ကော့ဘဇားမြို့မှာ များမကြာမှီ တည်ဆောက်သွားတော့မှာ ဖြစ်ပါ တယ်ဟု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ပြောဆိုခဲ့သည်။

ကော့ဘဇားမြို့သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တောင်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိကာ မဟာဗျူဟာအရ အရေးပါသော အနေအထားတွင် ရှိသည်။ မြန်မာနှင့် ၂၀၀၈ ခုနှစ်အတွင်းကလည်း ဖြစ်ပွားခဲ့သော အငြင်းပွား ရေပြင်ပိုင်နက်မှာ ကော့ဘဇားခရိုင် အတွင်းတွင် တည်ရှိသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ယခုအခါ သှူု့နိုင်ငံ ကြည်းရေလေ တပ်မတော်အား ခေတ်မှီ တိုးတက်အောင် မွန်းမံ တည်ဆောက်နေပြီး နည်းပညာပိုင်းတွင်သာမက ခေတ်မှီ ရေတပ် သင်္ဘောများ၊ ဂျက်တိုက်လေယျာဉ်များဖြင့် အင်အား ဖြည့်တင်းလျက်ရှိသည်။

ဘင်္ဂလာဒေခ်ျ့ ရေတပ် အတွက်လည်း ဖရီးဂိတ် သင်္ဘောများ အပါအ၀င် တခြား ရေတပ် သင်္ဘောအများအပြားကို ၀ယ်ယူထားရှိပြီး ရေငုတ်သင်္ဘောများကို ဘင်္ဂလာဒေခ်ျ့ ရေတပ်တွင် အသုံးပြုရန် စီစဉ်နေသည်။

၂၀၁၉ ခုနှစ်တွင် ဘင်္ဂလာဒေခ်ျ့ ရေတပ်တွင် ရေငုတ်သင်္ဘောများကို ထားရှိသွားမည်ဖြစ်ပြီး တောင်အာရှတွင် ခေတ်မှီ ရေတပ် တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားကြောင်း ဘင်္ဂင်္လာဒေခ်ျ့ အစိုးရမှ ထုတ်ဖေါ် ပြောကြားထားသည်။

လေတပ်တွင်လည်း F18 ဂျက်တိုက်များနှင့် M 21 အပါအ၀င် နောက်ဆုံးပေါ် တိုက်လေယျာဉ်များကို အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ၀ယ်ယူအားဖြည့်ထားသည်။

လေ့လာသုံးသပ်မူများ အပြောအရ ဘင်္ဂလာဒေခ်ျ့ ကြည်းတပ်မှာ မြန်မာ ကြည်းတပ်လောက် အားမကောင်းသော်လည်း လေနှင့်ရေမှာ မြန်မာထက် အားသာမူရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် စစ်ရေးနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံထံမှ နည်းပညာများ ရရှိနေပြီး ယခုအခါ ခေတ်မှီ နည်းပညာများဖြင့် သူ့နိုင်ငံ၏ တပ်မတော်ကို ပိုပြီး ခေတ်မှီအောင် ပြင်ဆင် မွန်းမံ တိုးချဲ့ တည်ဆောက်လျက်ရှိသည်။

ကော့ဘဇားမြို့တွင် ယခုတည်ဆောက်မည့် လေတပ် အခြေစိုက်စခန်းသည် သူ့နိုင်ငံ၏ စစ်ရေးအင်အားကို တိုးချဲ့ ဖြန့်ကျက် ချထားမည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

ယခုကဲ့သို့ စစ်ရေး တိုးချဲ့ တည်ဆောက်နေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဖြစ်ပွားနေသော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည် ဖြစ်ပြီး ယခုလက်ရှိ မြန်မာနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက်ကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

No comments: