Tuesday, January 11, 2011

မူဆလင် ဓါးပြများ သောင်းကျန်းနေသဖြင့် ဘူးသီးတောင်တွင် ဗုဒ္ဓဘာသာကျေးရွာများ

နိရဉ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင် တောင်ပိုင်းတွင် မူဆလင် ဓါးပြများ အထူး သောင်းကျန်းနေရာ ဗုဒ္ဓဘာသာ ကျေးရွာများ ပြိုပျက်မည့် အနေအထားနှင့် ရင်ဆိုင်နေကြရကြောင်း ကျေးရွာသားများက နိရဉ္စရာသို့ ပြောကြားသည်။

“ အခု ကျွန်တော်တို့ တိုင်းရင်းသား ဗုဒ္ဓဘာသာတွေအတွက် လုံခြုံမူ မရှိတော့ဘူး။ ပိုက်ဆံ ချမ်းသာတဲ့ သူတွေက မြို့တွေကို ပြောင်းရွှေ့ကြနဲ့ ဒီအတိုင်းဆိုရင် ဗုဒ္ဓဘာသာ ရွာတွေ အကုန်လုံး ပျက်စီးသွားနိုင်ပါတယ်။ အနီးအနားမှာ တည်ရှိနေတဲ့ နစက တပ်ဖွဲ့တွေကလည်း လုံခြုံရေး လုံးဝ မပေးနိုင်တဲ့ အပြင် တိုင်ကြား သူတွေကို ရိုက်တာနက်တာ သတ်ပုတ်တာတွေလည်း ရှိနေပါတယ်”ဟု ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

လွန်ခဲ့သော ဇန္န၀ါရီလ ၁ ရက်နေ့ ညဉ့် ၁၂ နာရီတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အနီးတည်ရှိသော ရခိုင်အမျိုးသားများ နေထိုင်ရာ ကျွဲကော်မော် ကျေးရွာကို မူဆလင် ဓါးပြ ၃၀ ခန့်က သေနတ်များဖြင့် ၀င်ရောက်ကာ ဓါးပြတိုက်သွားခဲ့သည်။

အဆိုပါ ဓါးပြအုပ်စုသည် အဆိုကျေးရွာမှ ဓါးပြတိုက် အပြီး ပြန်အထွက်တွင် ဒိုင်းနက် အမျိုးသားများ နေထိုင်ရာ သိမ်တောင်ပြင် ကျေးရွာအား ထပ်မံ ၀င်ရောက်ပြီး ဓါးပြတိုက်သွားခဲ့သည်။

အဆိုပါ ကျေးရွာတွင် ဓါးပြတိုက်နေစဉ်တွင် ကျေးရွာသားများ ပြန်လည် ခုခံရာမှ သေနတ်ဖြင့် ပစ်ခတ်ရာ ကျေးရွာ သိမ်တောင်ပြင်ကျေးရွာ ရယက ဥက္ကဌ ဇနီးတွင် သေနတ် ထိမှန်ပြီး ယနေ့ အချိန်ထိ ဘူးသီးတောင် ဆေးရုံတွင် တင်ထားရကြောင်း သိရသည်။

“ ကျွန်တော်တို့ ကျေးရွာကို ဓါးပြတိုက်ပြီး ညောင်ချောင်း နစကစခန်းမှ စခန်းမှူးရောက်လာပြီးတော့ ပါသွားတဲ့ ပစ္စည်းတွေ အမှန်ပြော။ အမှန်မပေးဘဲ ပြောရင် ပစ္စည်းကို ရရင် ပြန်မပေးတော့ဘူးလို့ ပြောပါတယ်။ အဲဒါနဲ့ ရွာသား တစ်ဦးက ကြောက်ကြောက်လှန့်လှန့် သူအိမ်က ပစ္စည်းတွေကို အမှန် မပြောနိုင်တော့ မျက်နာကို စခန်းမှူးက လက်သီးနဲ့ ပစ်ထိုးပါတယ်။ ခြေထောက်နဲ့ ကျောက်ကန်ပါတယ်။ ခုလို ဓါးပြတိုက်ခံရပီး ကြောက်နေရတဲ့ အချိန်မှာ နစက စခန်းမှူးက လက်သီးနဲ့ ထိုးတဲ့ အတွက် ကျွန်တော်တို့မှာ ခိုကိုးစရာဆိုလို့ မရှိတော့ပါဘူး” ဟု ကျေးရွာ လူကြီးက ပြောသည်။

ဓါးပြတိုက်ခံရသော သိမ်တောင်ပြင်ကျေးရွာမှာ ညောင်ချောင်း နစက စခန်း အနီးအနားတွင် တည်ရှိပြီး ကျွဲကော်မော် ကျေးရွာမှာ ညောင်ချောင်း နစက စခန်းမှ ခြေလျင် တစ်နာရီခန့် အဝေးတွင် တည်ရှိသည်။

အဆိုပါကျေးရွာများမှာ နယ်စပ်တွင် တည်ရှိသော ကျေးရွာများ မဟုတ်ကြဘဲ ဘူးသီးတောင်မြို့နယ် အတွင်းပိုင်းတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြပြီး မေယူမြစ် အနောက်ဘက် ကမ်းခြေတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြသည်။

ဓါးပြများသည် ကျွဲကော်မော်ကျေးရွာအား ၀ိုင်းရံထားပြီး တစ်အိမ်တက်ဆင်း ဓါးပြတိုက်သွားခြင်း ဖြစ်ပြီး လက်ဝတ်ရတနာ ပစ္စည်း သိန်း ၃၀ ကျပ်ကျော်ဖိုးပါသွားသည်ဟု သိရသည်။ အမျိုးသား တစ်ဦးတွင် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး အမျိုးသမီး တစ်ဦးကို သေနတ်ဘောင်ဖြင့် ၀မ်းဗိုက်ကို ရိုက်နက်သဖြင့် ဆေးရုံ ပို့ပေးခဲ့ရသည်။

လွန်ခဲ့သောနှစ် ဒီဇင်္ဘာလ အတွင်းကလည်း ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာ အနီးရှိ ချွတ်ပြင် ကျေးရွာအား မူဆလင် ဓါးပြများ ၀င်ရောက် ဓါးပြတိုက်ခိုက်သွားရာ ကျပ် သိန်း ၃၀၀ ဖိုး ဆုံးရှုံးသွားခဲ့သည်။

ယခုကဲ့သို့ မူဆလင် ကုလား ဓါးပြများမှာ အုပ်စုဖွဲ့ပြီး မူဆလင် ကျေးရွာများကို ဓါးမရ မတိုက်ဘဲ ဗုဒ္ဓဘာသာ ကျေးရွာများကို ရွေးပြီး ဓါးမရ တိုက်နေသော်လည်း ဒေသအတွင်းရှိ နစက၊ ရဲနှင့် စစ်တပ်မှ တစုံတရာ ကာကွယ် မပေးနိုင်သဖြင့် ဒေသအတွင်း လူထုမှာ အထူး စိုးရိမ်သောက ပွားလျှက်ရှိကြောင်း သိရသည်။

အခုဓါးမရ တိုက်မူများတွင် နောက်ကွယ်မှ နိုင်ငံရေး ပယောဂ ပါ မပါကို မိမိတို့ မသိရှိကြောင်းနှင့် မူဆလင် ဓါးပြများတွင် အကောင်းစား နောက်ဆုံးပေါ် သေနတ်များ ပါဝင်သည်ဟု ကျေးရွာသားများက ပြောသည်။

No comments: