Saturday, January 15, 2011

တရုတ် - မြန်မာ ရထားလမ်း စီမံကိန်း တိုင်းတာမှု စတင်

သျှမ်းသံတော်ဆင့်

ဂျန္န၀ါရီ ၁၄ ရက် ၂၀၁၁ တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ရွေလီ - မူစယ် နယ်စပ်လမ်းကြောင်းအတိုင်း ဆက်သွယ် ဖေါက် လုပ်မည့် မီးရထားလမ်း စီမံကိန်းကို မြန်မာဘက် အခြမ်းတွင် ယခုလ ၁၁ ရက်နေ့မှစ၍ လမ်းတိုင်းတာ မှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်လူမျိုးပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က မူစယ်မြို့အထွက် လေယာဉ်ကွင်းမှ စတင်တိုင်းတာခဲ့ရာ ယခုလ ၁၃ ရက်နေ့တွင် တုံခံကျေးရွာအထိ တိုင်းတာပြီးစီးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လမ်းတိုင်းတာရာတွင် အကျယ်ပေ ၁၀၀ ခန့်ကျယ်ဝန်းပြီး အများအားဖြင့် တောင်ယာခင်းများကိုဖြတ်သန်းတိုင်းတာ သွားကြောင်း သိရသည်။

“မူစယ်လေယာဉ်ကွင်းကနေ စတိုင်းတယ် မနေ့က တုံခံအထိရောက်ပြီ လမ်းဖြတ်တာကတော့ နမ့်ခုံး - ၀င်းမိုင်ရွာဘက် ကနေ ဖြတ်သွားတယ် တောင်ယာတွေတော့ပါမယ်ထင်တယ် ၀င်းမိုင်ရွာက နတ်စင်ကုန်းလည်းပါနိုင်တယ်” ဟု သူက ပြောသည်။

ယခုရထားလမ်းသည် ယူနန်ပြည်နယ် ကူမင်းမြို့မှမြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်းတွင် ပါဝင်ကြောင်း သိရသည်။

ကျောက်ဖြူ - ရွှေလီ စင်္ကြရထားလမ်းစီမံကိန်းဖြစ်ပြီး သျှမ်းပြည် အပါအ၀င် မန္တလေးတိုင်း မကွေးတိုင်းနှင့်ရခိုင်ပြည် နယ်တို့ကိုဖြတ်သန်းကာ ၂၀၁၅ ခုနှစ်တွင် အပြီးဖေါက်လုပ်ဖွယ်ရှိကြောင်း သိရသည်။

No comments: