Friday, January 14, 2011

မင်းသား နေတိုး၏ ကိုယ်ရေး အတ္ထုပတ္တိ ထွက်ရှိ

စံလင်း

ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် နေတိုး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ “ စေ့ထားသောတံခါးများ” စာအုပ် ထွက်ရှိလာရာ တစ်အုပ်ကို ကျပ် ၇၀၀၀ ဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အနုပညာနယ်ပယ်တွင် အနုပညာစွမ်းရည်များနှင့် ပရိသတ်အားပေးမှုရရှိနေသော ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုး၏ “စေ့ထားသောတံခါးများ” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ဇန်နဝါရီ ၁ ရက်က ပြည်လမ်းစိန်ဂေဟာ၌ လက်မှတ် ရေးထိုး ဖြန့်ချိခဲ့သည်။

“ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ ရသောပုံရိပ်များကို ပရိသတ်များအား ခံစားတင်ပြချင်သောကြောင့် အတ္ထုပ္ပတ္တိစာအုပ်အား ကိုယ်တိုင် ရေးခြင်းဖြစ်ကြောင်း” သရုပ်ဆောင် နေတိုးက ပြောသည်။

အဆိုပါစာအုပ်တွင် နေတိုး၏ မာန်အောင်တွင် နေထိုင်ခဲ့သော ငယ်စဉ်ဘဝ ပုံရိပ်လွှာများ၊ ဓာတ်ပုံများ၊ အနုပညာလောက၏ အစပိုင်းပုံရိပ်များ၊ မော်ဒယ်ဘဝမှ ပုံရိပ်များ၊ ဖက်ရှင်အပေါ် ခံယူပုံ၊ အကြိုက်ဆုံး ဖက်ရှင်ပုံစံများ၊ ပန်းချီအနုပညာအပေါ် စိတ်ဝင်စားမှု၊ မိသားစုပုံရိပ်များ၊ ပြည်တွင်းပြည်ပ ခရီးသွား ပုံရိပ်များ၊ အချစ်မေတ္တာ အပေါ်ခံယူထားမှု စသည့် အကြောင်းအရာများကို ဝေဝေဆာဆာ ထည့်သွင်း ရေးသားထားဟု သိရသည်။

အဆိုပါ စာအုပ်တွင် စာမျက်နာ ၁၇၆ မျက်နာ ပါရှိပြီး အခန်းစဉ်ပေါင်း ၃၀ ပါဝင်သည်ဟု သိရသည်။

No comments: