Tuesday, January 18, 2011

ရွာသားတစ်ဦးအားစိတ်ကြွဆေးထောင်ဖမ်းပြီးဒါဏ်ရိုက်

နော်ဂျူနီ၊ ကောင်းဝါသတင်းဌာန

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာရဲစခန်းမှ ရွာသားဖြစ်သူမောင်အမွှေးကို ဇန်န၀ါရီ လဆန်းတွင် စိတ်ကြွ ဆေးပြား ပစ်ဖမ်းပြီး ဒါဏ်ငွေရိုက်ခဲ့သည်ဟုဒေသခံရွာသားတစ်ဦးမှပြောပါသည်။

ဖြစ်ပုံမှာ မောင်အမွှေးသည် မော်တော်ဆိုင်ကယ်မောင်းအလာ တရနာရွာအနီးတွင် ရဲတပ်ကြပ်တစ် ဦးမှ တားဆီးစစ်ဆေးပြီး စိတ်ကြွဆေးယာဘ(၆)လုံးကိုဆိုင်ကယ်ဝမ်းပိုက်ထဲပစ်ထည့်၍ ရဲစခန်းသို့ဖမ်းဆီးခေါ် ဆောင်ခဲ့သည်။ တရနာကျေးရွာ စခန်းမှူးရွှေဝင်းမောင်မှ ရိုက်နှက်စစ်ဆေးမေးမြန်းပြီး ကျေးရွာရယကနှင့် မိဘဖြစ်သူတို့ က အာမခံယူကာ ငွေ (၄) သိန်းကျော်ဒါဏ်ရိုက်ခဲ့သည်ဟု ၄င်းမိသားစုနှင့် နီးစပ်သူကပြောပါ သည်။ ဤအကြောင်းအရာများကို မည်သူမျှမပြောရန်ပိတ်ပင်ထားသည်ဟုဆိုသည်။

တရနာရဲစခန်းမှ အထက်မြို့နယ်ရဲမှူးနှင့် ခရိုင်ရဲမှူးကို တလလျှင် (၅) သိန်းပေးဆောင်နေရပြီး ထိုသို့ ပေးဆောင်နိုင်ရန်အတွက် အမှုများကိုရှာကြံကာ ငွေတောင်းခံနေသည်ဟုကျိုက်မရောမြို့နေ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးမှပြောပါသည်။

No comments: